Loading...
Loading...

ကျောက်မီးသွေးတွင်း ပြိုကျ၍ ပိတ်မိသူလေးဦးအနက် နှစ်ဦးအလောင်းတွေ့ရှိ

မင်းလှမြို့နယ် ဆပ်ပြာကျေးရွာအနီး ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် ပိတ်မိနေသူများကို သြဂုတ် ၂၇ ရက်က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ − မြင့်ဇော်ဦး)

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ဆပ်ပြာကျေးရွာ အနီးရှိ ကျောက်မီးသွေးတွင်း မြေ ပြိုကျမှုကြောင့် ပိတ်မိနေသူလေး ဦးအနက် နှစ်ဦး၏ ရုပ်အလောင်း ကို သယ်ထုတ်နိုင်ခဲ့ကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

မြေပြိုကျမှုသည် ဩဂုတ် ၂၅ ရက် ညနေတွင် ဖြစ်ပွားပြီး  အောင်ချမ်းသာ (၁၆)နှစ်၊ နိုင် ထက်ဦး (၂၀)နှစ်၊ ပိုင်စိုးဝင်း (၂၈)နှစ်၊ စိုးအောင် (၁၉)နှစ်တို့ ပိတ်မိ ခဲ့ပြီး စိုးအောင်နှင့် ပိုင်စိုးဝင်းတို့၏ ရုပ်အလောင်းများကို ဩဂုတ် ၂၆ ရက် ညနေတွင် သယ်ထုတ်နိုင်ခဲ့ သည်။

ကျန်သူနှစ်ဦးကို ဩဂုတ် ၂၇ ရက် ညနေအထိ သယ်ထုတ် နိုင်ခြင်းမရှိသေးကြောင်း မင်းလှ မြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးမောင်ကို က ပြောသည်။

‘‘ကျန်နေတဲ့သူနှစ်ယောက် ကိုလည်း ကျွန်တော်တို့ ဓာတ်မီးနဲ့ ထိုးကြည့်ရင် မြင်နေရပါတယ်။ အသက်တော့ မရှင်နိုင်ဘူး။ သူတို့ ကို သယ်ထုတ်ဖို့က ရှေ့က မြေ စာပုံတွေကို ရှင်းထုတ်ဖို့ရယ်၊ ထပ် ပြီးတော့ ပြိုကျပိတ်ဆို့တာတွေ မဖြစ်အောင်ရယ် လုပ်ဆောင်နေ ပါတယ်’’ဟု ကယ်ဆယ်ရေးပြု လုပ်ရာတွင် ပါဝင်သည့် ကျောက် မီးသွေးတွင်းလုပ်သားတစ်ဦးက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့ သောကြောင့် ကျောက်မီးသွေး တွင်းအတွင်းသို့ ရေများ ဝင်ရောက် ခြင်း၊ မြေများ ပြိုကျနေခြင်း၊ မြေသားများ မခိုင်ခံ့တော့ခြင်း၊ ကျင်းအတွင်း သွားရာလမ်းများ ကျဉ်း မြောင်းသွားခြင်းကြောင့် အခက် အခဲများ ရှိသော်လည်း ဆက်လက် ဆောင်ရွက်နေကြောင်း လွှတ် တော်ကိုယ်စားလှယ် ဦးမောင်ကို က ပြောသည်။

ကျောက်မီးသွေးတွင်း မြေ ပြိုကျမှုနှင့် ပတ်သက်၍ ယင်း ကျောက်မီးသွေးတူးဖော်ရေးလုပ် ငန်းကို လုပ်ကိုင်နေသည့် အင် ကြင်းတောင် ကုမ္ပဏီလီမိတက် မှ တာဝန်ရှိသူထံ ဖုန်းဖြင့် ဆက် သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

၂၀၁၇ နိုဝင်ဘာ ၂၇ ရက်က လည်း မင်းဘူးမြို့နယ်အတွင်း ကျောက်မီးသွေးတွင်း ပြိုကျရာ တရုတ်နိုင်ငံသားနှစ်ဦးအပါအဝင် လူရှစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် ၂၀၁၈ စက်တင် ဘာ ၆ ရက်တွင် မကွေးတိုင်း ဆောမြို့နယ်၌ ကျောက်မီးသွေး တွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လုပ် သားရှစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။