Loading...
Loading...

ကျိုက်ထီးရိုးစေတီ ဘဏ္ဍာငွေသုံးစွဲမှု စစ်ဆေးရန် ပြည်နယ်အစိုးရညွှန်ကြား

ကျိုက်ထီးရိုးစေတီ မုခ်အနီးတွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော် ဘဏ္ဍာငွေ ရငွေ၊ သုံးငွေ များကို ဂေါပကစည်းမျဉ်းအတိုင်း သုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေး ရန် ပြည်နယ်သာသနာရေးမှူးသို့ ညွှန်ကြားထားကြောင်း မွန်ပြည် နယ် အစိုးရအဖွဲ့ ညွှန်ကြားရေး မှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ၏ စာရင်းများနှင့် လုပ်ငန်းများကို ဝင်ရောက်စွက်ဖက်ခြင်းမဟုတ် ဘဲ ဘဏ္ဍာငွေများ လျော့နည်းမည်ကို စိုးရိမ်ခြင်းကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၏၂၀၁၇ -၁၈၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တို့ တွင် အများပြည်သူ လှူဒါန်းထား သော ငွေများ၊ ရတနာပစ္စည်းများ၊ နိုင်ငံခြား အလှူငွေများ၏ရငွေ၊သုံးငွေစာရင်းများကို စစ်ဆေးပေး ရန် ဩဂုတ် ၉ ရက်တွင် ပြည်နယ် အစိုးရက ညွှန်ကြားခဲ့သည်။

အထက်ပါ ညွှန်ကြားချက် နှင့် ပတ်သက်၍ ဩဂုတ် ၂၆ ရက် အထိ မည်သည့်အကြောင်း တစ်စုံ တစ်ရာမျှ တင်ပြလာခြင်းမရှိသေး ဘဲ ထိုကိစ္စတင်ပြလာခြင်းကို အ ချိန်ကာလ သတ်မှတ်ထားခြင်းမရှိ ကြောင်း ဦးမြင့်သန်းဝင်းက ဆိုသည်။

‘‘ဆရာတော်တွေက ကျိုက် ထီးရိုးရန်ပုံငွေသုံးစွဲခြင်းနဲ့ ပတ် သက်လို့ အစိုးရကိုတင်ပြတယ်။ တစ်ဦးတစ်ယောက်က လိမ်ပြီး လုပ်မှာစိုးလို့ ဆရာတော်ကြီးတွေ က စိုးရိမ်လို့တင်ပြတယ်။ စည်း မျဉ်းအတိုင်းမဟုတ်ဘဲနဲ့ ဘုရား ရန်ပုံငွေကို တစ်ခုခုသုံးစွဲရင် ဘဏ်ထဲက လျော့သွားမယ်။ စည်းမျဉ်း စည်းကမ်းအရ သုံးစွဲရင်တော့ မလျော့ဘူးပေါ့။ ဆရာတော်ကြီး တွေက စိုးရိမ်လို့ တင်ပြလာတဲ့အ တွက် ပြည်နယ်အစိုးရအဖွဲ့ကနေပြီးမှ ဂေါပကစည်းမျဉ်းငွေသုံးစွဲမှု နဲ့ ပတ်သက်လို့ ဆရာတော်ကြီးတွေရှင်းလင်းအောင် ပြည်နယ်သာသနာရေးမှူးကို သွားရောက်ရှင်းလင်း လျှောက်ထားခိုင်း တယ်’’ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

ဘုရားရန်ပုံငွေကို ဂေါပက များ သုံးစွဲသည့်အခါ ဂေါပက စည်းမျဉ်း (၆၅)အရ ကျပ်သိန်း ၅၀ အောက် သုံးစွဲပါက ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြရပြီး ကျပ် သိန်း ၅၀ အထက်ဆိုပါက ပြည် ထောင်စုဝန်ကြီးများ ဖွဲ့စည်းထား သည့် နာယကအဖွဲ့ထံ တင်ပြရ မည်ဖြစ်ကြောင်း၊ ထိုငွေများသုံးစွဲ ပါက ပြည်ထောင်စုအစိုးရခွင့်ပြု ချက်ရမှသာ သုံးစွဲနိုင်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

ကျိုက်ထီးရိုးဂေါပက ဦးအေးမြင့်သိန်းက ‘‘ရန်ပုံငွေကိုလာစစ် တဲ့ကိစ္စကို ကျွန်တော်မသိသေး ဘူး။ ဒီနှစ်ဘုရားအလှူငွေ ဘယ် လောက်ရလဲဆိုတာ စာရင်းမချုပ် ရသေးလို့ မသိသေးဘူး။ အစည်း အဝေးခိုင်းတဲ့အချိန်မှ စာရင်းချုပ် ပြီးရမယ်’’ဟု ပြောသည်။

ကျိုက်ထီးရိုးစေတီတွင် ဈေး ဆိုင်ခန်းများနှင့် လုပ်ငန်းလေလံ များကို ဂေါပကအဖွဲ့က ဦးစီးပြု လုပ်သော်လည်း ၂၀၁၈-၁၉ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရကဦးစီးပြီး လေလံပေးခဲ့သည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့ အသစ်ကို ၂၀၁၈ စက်တင်ဘာ ၁၆ ရက်တွင် ရွေးချယ်ဖွဲ့စည်းခဲ့ ပြီး ဂေါပကယာယီအဖွဲ့မှ အသစ် ဖွဲ့စည်းထားသည့် ဂေါပကအဖွဲ့ သစ်တွင် ကျပ်သိန်း ၉၃,၀၀၀ ခန့် အပ်နှံထားကြောင်း ယာယီအဖွဲ့ ဝင်တစ်ဦးကဆိုသည်။

Cre: 7daydaily.com