Loading...
Loading...

ဝမ္းသာစရာသတင္းေလးပါ…. တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သက္ထား သူဇာ ကို USD 5000 ေထာက္ပံ့

ဝမ္းသာစရာသတင္းေလးပါ.... တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သက္ထား သူဇာ ကို USD 5000 ေထာက္ပံ့
ဝမ္းသာစရာသတင္းေလးပါ…. တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သက္ထား သူဇာ ကို USD 5000 ေထာက္ပံ့

ဝမ္းသာစရာသတင္းေလးပါ…. တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သက္ထား သူဇာ ကို USD 5000 ေထာက္ပံ့

ကိုယ့္စရိတ္နဲ႔ကိုယ္ ႏိုင္ငံတကာကိုပတ္ၿပီး အမွတ္ေတြ လိုက္စုေနတဲ့သက္ထားသူဇာရဲ႕ ရည္႐ြယ္ခ်က္ က ၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံ ကိုယ္စားျပဳၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရဖို႔လို႔ သိရပါ တယ္။

ႏိုင္ငံတကာ ၾကက္ေတာင္စီးရီး ၿပိဳင္ပြဲေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ၾကက္ေတာင္ အားကစားမယ္ သက္ထား သူဇာကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေထာက္ ပံ့ေငြ အေမရိကန္ေဒၚလာ ၅၀၀၀ကို ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။

ေထာက္ပံ့ေငြကိုေတာ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုယ္စား ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦး စီးမႉး(ဗိုလ္ မႉးႀကီး)က ျမန္မာႏိုင္ငံ ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ဥကၠဌနဲ႔လူႀကီးမ်ားေရွ႕မွာ သက္ထားသူဇာရဲ႕ ဖခင္ ဦးထြန္းထြန္း ေဇာ္ကို ေပးအပ္ခဲ့တာပါ။

ဝမ္းသာစရာသတင္းေလးပါ.... တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သက္ထား သူဇာ ကို USD 5000 ေထာက္ပံ့

“ အခုလို ေထာက္ပံ့ေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ေထာက္ပံ့ေငြရလာေတာ့ တစ္ပြဲ သြားရမယ့္ ေနရာမွာ ႏွစ္ပြဲ ပိုသြားႏိုင္ တာေပါ့။

သူမ်ားႏိုင္ငံေတြမွာဆိုရင္ဒီလိုအဆင့္မ်ိဳးေရာက္လာရင္ ေနာက္ကေန အ အေထာက္အပံ့ေတြက လိုက္ လာၾကတယ္၊ဒီမွာက နည္းနည္း စိမ္းေနေသးတဲ့အတြက္ အေထာက္အပံ့ နည္းေန တယ္လို႔ ျမင္ပါ တယ္။

လက္ရွိမွာေတာ့ဒိန္းမတ္မွာသူေလ့က်င့္မႈေတြ ဆက္လုပ္ေနပါတယ္။” လို႔ သက္ထားသူ ဇာရဲ႕ မိခင္က Duwun Sportsကို ေျပာပါတယ္။

သက္ထားသူဇာကေတာ့ ၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ဝင္ကစားႏိုင္ ဖို႔အ တြက္ ႏိုင္ငံ တကာ စီးရီးၿပိဳင္ပြဲေတြ ကို ကိုယ့္စရိတ္နဲ႔ကိုယ္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနတာျဖစ္ပါတယ္။

ဝမ္းသာစရာသတင္းေလးပါ.... တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သက္ထား သူဇာ ကို USD 5000 ေထာက္ပံ့

“ အရင္က ငယ္ေသးေတာ့ အမက အၿမဲလိုက္လိုက္သြားရေတာ့ ႏွစ္ဆကုန္တာေပါ့။အခုေတာ့ အ သက္လည္း ၂၀ ျပည့္ၿပီဆိုေတာ့ ၿပီးခဲ့ တဲ့ဗီယက္နမ္ ခရီးစဥ္ကစၿပီး တစ္ေယာက္တည္း လႊတ္လိုက္ တယ္။အခုလည္း ဒိန္းမတ္ ကို တစ္ေယာက္တည္း လႊတ္လိုက္တယ္။

အခက္အခဲအခ်ိဳ႕ေတာ့ သူေျပာမွ အမတို႔ကသိတာေတြရွိတယ္။ ေလယာဥ္ေနာက္က်သြားတာ တို႔၊ ဗီဇာ အခက္ေတြ႕တာတိုေပါ့၊ သူဘာ သာ သူေျဖရွင္းၿပီးမွပဲ အမတို႔က သိရတာ။”လို႔ သက္ထားသူဇာရဲ႕ အေမ က ဆက္လက္ေျပာပါတယ္။

သက္ထားသူဇာအေနနဲ႔ လာမယ့္ စက္တင္ဘာလ ၁၀ ရက္ေန႔မွာ ျမန္မာႏိုင္ငံမွာက်င္းပမယ့္ ၿပိဳင္ပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္ဖို႔ ျမန္မာႏိုင္ငံ ကို စက္တင္ဘာ ၆ ရက္ေန႔ေလာက္ျပန္ေရာက္မယ္လို႔လည္း သိရ ပါတယ္။

credit original writer

Unicode

ဝမ်းသာစရာသတင်းလေးပါ…. တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သက်ထား သူဇာ ကို USD 5000 ထောက်ပံ့

ကိုယ့်စရိတ်နဲ့ကိုယ် နိုင်ငံတကာကိုပတ်ပြီး အမှတ်တွေ လိုက်စုနေတဲ့သက်ထားသူဇာရဲ့ ရည်ရွယ်ချက် က ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင် ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့လို့ သိရပါ တယ်။

နိုင်ငံတကာ ကြက်တောင်စီးရီး ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကြက်တောင် အားကစားမယ် သက်ထား သူဇာကို တပ် မ တော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက် ပံ့ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ကို ပေးအပ်ခဲ့ တယ် လို့ သိရပါတယ်။

ထောက်ပံ့ငွေကိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦး စီးမှူး(ဗိုလ် မှူးကြီး)က မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌနဲ့လူကြီးများရှေ့မှာ သက်ထားသူဇာရဲ့ ဖခင် ဦးထွန်းထွန်း ဇော်ကို ပေးအပ်ခဲ့တာပါ။

“ အခုလို ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ထောက်ပံ့ငွေရလာတော့ တစ်ပွဲ သွားရမယ့် နေရာမှာ နှစ်ပွဲ ပို သွားနိုင်တာပေါ့။

သူများနိုင်ငံတွေမှာဆိုရင်ဒီလိုအဆင့်မျိုးရောက်လာရင် နောက်ကနေ အ အထောက်အပံ့တွေက လိုက် လာကြတယ်၊ဒီမှာက နည်း နည်း စိမ်းနေသေးတဲ့အတွက် အထောက်အပံ့ နည်းနေ တယ်လို့ မြင်ပါ တယ်။

လက်ရှိမှာတော့ဒိန်းမတ်မှာသူလေ့ကျင့်မှုတွေ ဆက်လုပ်နေပါတယ်။” လို့ သက်ထားသူ ဇာရဲ့ မိခင်က Duwun Sportsကို ပြော ပါ တယ်။

သက်ထားသူဇာကတော့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ကစားနိုင် ဖို့အ တွက် နိုင်ငံ တကာ စီးရီးပြိုင်ပွဲ တွေကို ကိုယ့်စရိတ်နဲ့ကိုယ် ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

“ အရင်က ငယ်သေးတော့ အမက အမြဲလိုက်လိုက်သွားရတော့ နှစ်ဆကုန်တာပေါ့။အခုတော့ အ သက်လည်း ၂၀ ပြည့်ပြီဆိုတော့ ပြီးခဲ့တဲ့ဗီယက်နမ် ခရီးစဉ်ကစပြီး တစ်ယောက်တည်း လွှတ်လိုက် တယ်။အခုလည်း ဒိန်းမတ် ကို တစ်ယောက်တည်း လွှတ်လိုက်တယ်။

အခက်အခဲအချို့တော့ သူပြောမှ အမတို့ကသိတာတွေရှိတယ်။ လေယာဉ်နောက်ကျသွားတာ တို့၊ ဗီဇာ အခက်တွေ့တာတိုပေါ့၊ သူဘာသာသူဖြေရှင်းပြီးမှပဲ အမတို့က သိရတာ။”လို့ သက်ထားသူဇာရဲ့ အမေ က ဆက်လက်ပြောပါတယ်။

သက်ထားသူဇာအနေနဲ့ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံမှာကျင်းပမယ့် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကို စက်တင်ဘာ ၆ ရက်နေ့လောက်ပြန်ရောက်မယ်လို့လည်း သိရ ပါတယ်။

Cre: santhitsa.net