Loading...
Loading...

ေမြးကင္းစကေလးေလးေတြ ဝမ္းခဏခဏသြားတာ ပံုမွန္ပဲလား

ေမြးကင္းစကေလးေလးေတြ ဝမ္းခဏခဏသြားတာ ပံုမွန္ပဲလား

ေမြးကင္းစကေလးေလးေတြ ဝမ္းခဏခဏသြားတာ ပံုမွန္ပဲလား

မိဘရယ္လို႔ျဖစ္လာရင္ သားသမီးေတြကို အရိပ္တၾကည့္ၾကည့္နဲ႔ ၾကည့္တာပါ ။ စားတာကေနစလို႔ ဝမ္းသြားတာ အိပ္တာအဆံုး အကုန္လံုးကိုေသခ်ာေစာင့္ၾကည့္ေနမိတယ္ေနာ္။ မိဘဆိုတဲ့တာဝန္ကေတာ္ေတ္ာေလးၾကီးေလးလြန္းပါတယ္ ။ ဒီေနရာမွာမိဘေတာ္ေတ္ာမ်ားမ်ားၾကံဳေတြ႔ရႏိုင္တာက ဘယ္သူ႔ရဲ႕ ကေလးကေတာ့ျဖင့္ တစ္ပတ္ေနမွ တစ္ၾကိမ္ေလာက္ဝမ္းသြားတယ္၊ ကိုယ့္ရဲ႔ေဘဘီေလးကေတာ့ ႏို႔စို႔လိုက္ျပီးတိုင္း ဝမ္းသြားေနတယ္ ။ ဘာျဖစ္တာလဲ ။ စိုးရိမ္စရာမ်ားရွိေနလားဆိုတဲ့အခ်က္ပါ ။

တကယ္ေတာ့ ကေလးက မၾကာခဏ ဝမ္းသြားတာ ရက္ေတာ္ေတ္ာၾကာမွ ဝမ္းသြားတယ္ဆိုတာေတြက ကေလးမွာက်န္းမာေရး ျပႆနာတစ္ခုခုရွိေနတာ မဟုတ္ပါဘူး ။ ဘာေၾကာင့္ဒီလိုေျပာတာလဲ ဆိုတာကို ေအာက္မွာ ရွင္းျပေပးထားတယ္ေနာ္ ။

ကေလးေလးေတြဟာ ေမြးစကေန ၆ လမေရာက္ခင္ မၾကာခဏဆိုသလိုဝမ္းသြားႏိုင္ပါတယ္ ။ ဒါေပမယ့္ ဒါကစိုးရိမ္ရမယ့္ အေအနထားေတာ့မဟုတ္ပါဘူး ။ ကေလးက ဝမ္းခဏခဏ သြားေနတာက ခႏၶာကိုယ္ရဲ႕ေျပာင္းလဲမႈျဖစဉ္ေတြေၾကာင့္ပါ ။ ကေလးကဝမ္းသြားတာအျပင္ ေအာ့အန္ေနမယ္ ။ ႏို႔မစို႔ဘဲျဖစ္ေနမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပသဖို႔လိုအပ္မွာပါေနာ္ ။ မိခင္ႏို႔ကိုပဲ အားကိုးေနရတဲ့အရြယ္မွာ ကေလးက ခဏခဏဆိုသလို ဝမ္းသြားႏိုင္ပါတယ္ ။

ဒီလိုျဖစ္ရတာက မိခင္ႏို႔မွာ immunoglobins ပါဝင္ေနတာေၾကာင့္ ကေလးက မၾကာခဏဆိုသလို ဝမ္းသြားေနတာပါ ။ ေလ့လာမႈေတြအရကေတာ့ immunoglobins က ဝမ္းသြားေစဖို႔လႈံ႔ေဆာ္ေပးႏိုင္တယ္၊လို႔ သိရပါတယ္။ မိခင္ႏို႔ေသာက္တဲ့ ကေလးငယ္ေတြက ႏို႔မႈန္႔ေသာက္တဲ့ ကေလးငယ္ေတြထက္ပိုျပီး ဝမ္းသြားတတ္ၾကပါတယ္ ။

တစ္ခါတေလမွာ ေမေမေတြထင္တတ္တာက သူတို႔စားတာတစ္ခုခုမွားလို႔ ေဘဘီေလးဝမ္းသြားတယ္လို႔ေပါ့။ တကယ္ေတ့ ကေလးက ေမြးစမွာပိုျပီးဝမ္းသြားႏိုင္ပါတယ္။ ေနာ္ကတစ္ခုသိထားရမွာက ကေလးေလေးတြက သူတို႔ခႏၶာကိုယ္မွာ ေျပာင္းလဲမႈတစ္ခုခုလုပ္ေတာ့မယ္။ တိုးတက္မႈအဆင့္တစ္ခုခုျဖစ္ေပၚေတာ့မယ္ဆိုရင္ ဝမ္းသြားတာပါ ။

အခ်ိဳ႕ကေလးေလးေတြကေတာ့ ႏို႔စို႔ျပီးတိုင္းဝမ္းသြားတတ္ေပမယ့္ အခ်ိဳ႕ကေလးေလးေတြကေတာ့ ၃ ပတ္တစ္ခါေလာက္မွဝမ္းသြားတတ္ၾကပါတယ္။ ဒါေတြအားလံုးက သမာရိုးက်ျဖစ္စဉ္ေတြပါပဲ။ တစ္ခုခုစားျပီးတိုင္းဝမ္းသြားတာက မ်ားေသာအားျဖင့္က ေမြးကင္းစအရြယ္ကေလးငယ္ေတြမွာအျဖစ္မ်ားပါတယ္။ ေမြးျပီး ရက္သတၱပတ္အနည္းငယ္ၾကာတဲ့အထိ ကေလးငယ္ေလးေတြက ေမေမဆီကေန ႏို႔စို႔ျပီးတိုင္း ဝမ္းသြားၾကပါတယ္။ ဒါကတကယ္ေတာ့ ဝမ္းသာရမယ့္ ေကာင္းတဲ့ လကၡဏာတစ္ခုပါ။ သူတို႔ေလးေတြ လံုေလာက္တဲ့ႏို႔ပမာဏကိုရရွိေနတယ္ဆိုတဲ့ သေဘာပါပဲ ။

ေမြးျပီးစကေန ၃ ပတ္ ဒါမွမဟုတ္ ၆ ပတ္ေလာက္ေရာက္လာတဲ့အခါ ကေလးက ဝမ္းခဏခဏမသြားေတာ့ပါဘူး။ ဒါေပမယ့္ ကေလးတိုင္းေတာ့မဟုတ္ပါဘူး။ အခ်ိဳ႕ကေလးေတြက ဝမ္းဆက္သြားေနတာမ်ိဳးျဖစ္နိုင္ပါတယ္။ ကေလးက စ္ႏွစ္ေလာက္ေရာက္လာျပီဆိုရင္ေတာ့ တစ္ေန႔လံုးကို ဝမ္း ၅ၾကိမ္ေလာက္သြားတာမ်ိဳးျဖစ္လာႏိုင္ပါတယ္ ။

ဒါေၾကာင့္ေမြးကင္းစကေန တစ္ႏွစ္ေလာက္အထိ ကေလးက ဝမ္းခဏခဏသြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ဒါကစိုးရိမ္စရာမဟုတ္ပါဘူး။ တကယ္လို႔ ကေလးရဲ႕ဝမ္းအေျခအေနကေျပာင္းလာမယ္၊ ဝမ္းအရည္ေတြလိုသြားေနမယ္၊ ဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပသၾကည့္ဖို႔လိုပါမယ္။ ကေလးဝမ္းအရည္ေတြအရမ္းသြားတာက အစာေျခစနစ္ပိုးဝင္တာမ်ိုးျဖစ္ႏိုင္တာေၾကာင့္ သတိထားတာပိုေကာင္းပါမယ္။ ကေလးက တစ္ပတ္ကို တစ္ခါေလာက္ေတာင္ ဝမ္းမသြားရင္ေတာ႔ ဝမ္းခ်ဳပ္တာမ်ိဳးျဖစ္နိုင္တာေၾကာင့္ ဆရာဝန္နဲ႔ျပသၾကည့္ဖို႔လိုအပ္မွာပါ ။

ဒီေနရာမွာစိတ္ပူရမွာတစ္ခုက ဝမ္းခဏခဏသြားတာကို မဟုတ္ဘဲ ဝမ္းခဏခဏသြားလို႔ ကေလးမွာ ေသးခံေလာင္နာေတြျဖစ္မွာကိုပါ။ ဒါေၾကာင့္ ကေလးကဝမ္းသြားလို႔ ေဆးေၾကာသန္႔စင္ျပီးတိုင္း ကေလးကို ေသးခံမေလာင္ေအာင္ကာကြယ္ေပးတဲ့ ခရင္မ္လူးေပးဖို႔ပါ။ ကေလးကဝမ္းခဏခဏသြားတာကို စိတ္မပူပါနဲ႔ ။

ကေလးဝမ္းသြားတဲ့အေလ့အထေျပာင္းသြားတာမ်ိဳး ဥပမာ – တစ္ေန႔ကို ဝမ္း ၃ ၾကိမ္ေလာက္ ပံုမွန္သြားေနရာကေန တစ္ပတ္မွ တစ္ၾကိမ္ေလာက္ တစ္ပတ္ေက်ာ္မွ တစ္ၾကိမ္ေလာက္ျဖစ္သြားတာမ်ိဳးကသာစိတ္ပူရမွာပါ။ ေနာက္တစ္ခုကအေပၚမွာေျပာခဲ့သလို ဝမ္းအရည္ေတြသြားေနတာမ်ိဳးျဖစ္တာကိုသာစိတ္ပူရမွာပါ။ ကေလးရဲ႕ အစာေျခစနစ္မွာ ပိုးဝင္ကူးစက္တာမ်ိဳးျဖစ္ေနနိုင္တာေၾကာင့္ပါ ။

ကေလးက တစ္ႏွစ္ေလာက္အထိေတာ့ အစားစားျပီးတိုင္း ဝမ္းသြားတာမ်ိဳးျဖစ္ေနႏိုင္တာေၾကာင့္ ကေလးေလးေတြဝမ္းခဏခဏသြားတာပံုမွန္ပါပဲ။ လို႔ေျပာပါရစေနာ္ ။

Crd Original Writer

Unicode

မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာ ပုံမှန်ပဲလား

မိဘရယ်လို့ဖြစ်လာရင် သားသမီးတွေကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်တာပါ ။ စားတာကနေစလို့ ဝမ်းသွားတာ အိပ်တာအဆုံး အကုန်လုံးကိုသေချာစောင့်ကြည့်နေမိတယ်နော်။ မိဘဆိုတဲ့တာဝန်ကတော်တေ်ာလေးကြီးလေးလွန်းပါတယ် ။ ဒီနေရာမှာမိဘတော်တေ်ာများများကြုံတွေ့ရနိုင်တာက ဘယ်သူ့ရဲ့ ကလေးကတော့ဖြင့် တစ်ပတ်နေမှ တစ်ကြိမ်လောက်ဝမ်းသွားတယ်၊ ကိုယ့်ရဲ့ဘေဘီလေးကတော့ နို့စို့လိုက်ပြီးတိုင်း ဝမ်းသွားနေတယ် ။ ဘာဖြစ်တာလဲ ။ စိုးရိမ်စရာများရှိနေလားဆိုတဲ့အချက်ပါ ။

တကယ်တော့ ကလေးက မကြာခဏ ဝမ်းသွားတာ ရက်တော်တေ်ာကြာမှ ဝမ်းသွားတယ်ဆိုတာတွေက ကလေးမှာကျန်းမာရေး ပြဿနာတစ်ခုခုရှိနေတာ မဟုတ်ပါဘူး ။ ဘာကြောင့်ဒီလိုပြောတာလဲ ဆိုတာကို အောက်မှာ ရှင်းပြပေးထားတယ်နော် ။

ကလေးလေးတွေဟာ မွေးစကနေ ၆ လမရောက်ခင် မကြာခဏဆိုသလိုဝမ်းသွားနိုင်ပါတယ် ။ ဒါပေမယ့် ဒါကစိုးရိမ်ရမယ့် အအေနထားတော့မဟုတ်ပါဘူး ။ ကလေးက ဝမ်းခဏခဏ သွားနေတာက ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုဖြစဉ်တွေကြောင့်ပါ ။ ကလေးကဝမ်းသွားတာအပြင် အော့အန်နေမယ် ။ နို့မစို့ဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုအပ်မှာပါနော် ။ မိခင်နို့ကိုပဲ အားကိုးနေရတဲ့အရွယ်မှာ ကလေးက ခဏခဏဆိုသလို ဝမ်းသွားနိုင်ပါတယ် ။

ဒီလိုဖြစ်ရတာက မိခင်နို့မှာ immunoglobins ပါဝင်နေတာကြောင့် ကလေးက မကြာခဏဆိုသလို ဝမ်းသွားနေတာပါ ။ လေ့လာမှုတွေအရကတော့ immunoglobins က ဝမ်းသွားစေဖို့လှုံ့ဆော်ပေးနိုင်တယ်၊လို့ သိရပါတယ်။ မိခင်နို့သောက်တဲ့ ကလေးငယ်တွေက နို့မှုန့်သောက်တဲ့ ကလေးငယ်တွေထက်ပိုပြီး ဝမ်းသွားတတ်ကြပါတယ် ။

တစ်ခါတလေမှာ မေမေတွေထင်တတ်တာက သူတို့စားတာတစ်ခုခုမှားလို့ ဘေဘီလေးဝမ်းသွားတယ်လို့ပေါ့။ တကယ်တေ့ ကလေးက မွေးစမှာပိုပြီးဝမ်းသွားနိုင်ပါတယ်။ နော်ကတစ်ခုသိထားရမှာက ကလေးလေေးတွက သူတို့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတစ်ခုခုလုပ်တော့မယ်။ တိုးတက်မှုအဆင့်တစ်ခုခုဖြစ်ပေါ်တော့မယ်ဆိုရင် ဝမ်းသွားတာပါ ။

အချို့ကလေးလေးတွေကတော့ နို့စို့ပြီးတိုင်းဝမ်းသွားတတ်ပေမယ့် အချို့ကလေးလေးတွေကတော့ ၃ ပတ်တစ်ခါလောက်မှဝမ်းသွားတတ်ကြပါတယ်။ ဒါတွေအားလုံးက သမာရိုးကျဖြစ်စဉ်တွေပါပဲ။ တစ်ခုခုစားပြီးတိုင်းဝမ်းသွားတာက များသောအားဖြင့်က မွေးကင်းစအရွယ်ကလေးငယ်တွေမှာအဖြစ်များပါတယ်။ မွေးပြီး ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ကလေးငယ်လေးတွေက မေမေဆီကနေ နို့စို့ပြီးတိုင်း ဝမ်းသွားကြပါတယ်။ ဒါကတကယ်တော့ ဝမ်းသာရမယ့် ကောင်းတဲ့ လက္ခဏာတစ်ခုပါ။ သူတို့လေးတွေ လုံလောက်တဲ့နို့ပမာဏကိုရရှိနေတယ်ဆိုတဲ့ သဘောပါပဲ ။

မွေးပြီးစကနေ ၃ ပတ် ဒါမှမဟုတ် ၆ ပတ်လောက်ရောက်လာတဲ့အခါ ကလေးက ဝမ်းခဏခဏမသွားတော့ပါဘူး။ ဒါပေမယ့် ကလေးတိုင်းတော့မဟုတ်ပါဘူး။ အချို့ကလေးတွေက ဝမ်းဆက်သွားနေတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက စ်နှစ်လောက်ရောက်လာပြီဆိုရင်တော့ တစ်နေ့လုံးကို ဝမ်း ၅ကြိမ်လောက်သွားတာမျိုးဖြစ်လာနိုင်ပါတယ် ။

ဒါကြောင့်မွေးကင်းစကနေ တစ်နှစ်လောက်အထိ ကလေးက ဝမ်းခဏခဏသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကစိုးရိမ်စရာမဟုတ်ပါဘူး။ တကယ်လို့ ကလေးရဲ့ဝမ်းအခြေအနေကပြောင်းလာမယ်၊ ဝမ်းအရည်တွေလိုသွားနေမယ်၊ ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ကလေးဝမ်းအရည်တွေအရမ်းသွားတာက အစာခြေစနစ်ပိုးဝင်တာမျိုးဖြစ်နိုင်တာကြောင့် သတိထားတာပိုကောင်းပါမယ်။ ကလေးက တစ်ပတ်ကို တစ်ခါလောက်တောင် ဝမ်းမသွားရင်တော့ ဝမ်းချုပ်တာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုအပ်မှာပါ ။

ဒီနေရာမှာစိတ်ပူရမှာတစ်ခုက ဝမ်းခဏခဏသွားတာကို မဟုတ်ဘဲ ဝမ်းခဏခဏသွားလို့ ကလေးမှာ သေးခံလောင်နာတွေဖြစ်မှာကိုပါ။ ဒါကြောင့် ကလေးကဝမ်းသွားလို့ ဆေးကြောသန့်စင်ပြီးတိုင်း ကလေးကို သေးခံမလောင်အောင်ကာကွယ်ပေးတဲ့ ခရင်မ်လူးပေးဖို့ပါ။ ကလေးကဝမ်းခဏခဏသွားတာကို စိတ်မပူပါနဲ့ ။

ကလေးဝမ်းသွားတဲ့အလေ့အထပြောင်းသွားတာမျိုး ဥပမာ – တစ်နေ့ကို ဝမ်း ၃ ကြိမ်လောက် ပုံမှန်သွားနေရာကနေ တစ်ပတ်မှ တစ်ကြိမ်လောက် တစ်ပတ်ကျော်မှ တစ်ကြိမ်လောက်ဖြစ်သွားတာမျိုးကသာစိတ်ပူရမှာပါ။ နောက်တစ်ခုကအပေါ်မှာပြောခဲ့သလို ဝမ်းအရည်တွေသွားနေတာမျိုးဖြစ်တာကိုသာစိတ်ပူရမှာပါ။ ကလေးရဲ့ အစာခြေစနစ်မှာ ပိုးဝင်ကူးစက်တာမျိုးဖြစ်နေနိုင်တာကြောင့်ပါ ။

ကလေးက တစ်နှစ်လောက်အထိတော့ အစားစားပြီးတိုင်း ဝမ်းသွားတာမျိုးဖြစ်နေနိုင်တာကြောင့် ကလေးလေးတွေဝမ်းခဏခဏသွားတာပုံမှန်ပါပဲ။ လို့ပြောပါရစနော် ။

Cre: santhitsa.net