Loading...
Loading...














နေဇော်/YGN

Unicode

“ဖိုက်စတားလူရွင်တော်အဖွဲ့” အား ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ခေါ်ယူသတိပေး

Channel K မှ စီစဉ်တင်ဆက်ပြီးတိုက်ရိုက် Live လွှင့်ခဲ့သည့် သက်ကြီးလူရွှင်တော်ကန်တော့ပွဲအခမ်း အနားတွင် လူရွှင်တော် အ ဖွဲ့ ပေါင်း များစွာ ပါဝင်ဖျော်ဖြေခဲ့ကြသည်။

ထိုအခမ်းအနားတွင် ဖိုက်စတားလူရွှင်တော် အဖွဲ့ဝင်များတင်ဆက်ခဲ့သည့် ပျက်လုံးများသည် လက်ရှိ အစိုးရ၏ လုပ်ဆောင် ချက် များ အား တိုက်ရိုက်ထိရောက်သည့် စကားလုံးအသုံးအနှုန်းများပါဝင်ခဲ့ပြီး အစိုးရလွဲချော်မှုများအား ထင်ဟပ်စေသည့် စကား လုံး များ သုံးနုန်း သွား ခဲ့ ကြတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ သရုပ်ဖော်တင်ဆက်ခဲ့သည်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် မှ သိရှိခဲ့ပြီး ရန်ကုန် တိုင်း ဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း အား ၎င်းလုပ်ရပ်များသည် မိမိတို့အစိုးရ အဖွဲ့အား ပုတ်ခတ် စော်ကားသည့် လုပ်ရပ်ဖြစ် သဖြင့်……

လူရွှင်တော်များအား စင်ပေါ်တွင် ပြက်လုံးများမတင်ဆက်မီ သက် ဆိုင်ရာတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ထံ ဦးစွာအသိပေးပြီးမှ တင် ဆက် ရန်မှာကြားထားဖို့လိုကြောင်း…

ဖိုက်စတားအဖွဲ့အား ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ခေါ်ယူ သတိပေး ဆုံးမရန် ညွှန်ကြား ခဲ့ကြောင်း သိ ရ သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ ညွှန်ကြားချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း မှ ဖိုက်စတား အဖွဲ့ လူ ရွှင် တော် အဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ခေါ်ယူပြီး Channel K မှ Life လွင့်ခဲ့သည့်……

၎င်း တို့ ၏ ပျက်လုံးများ ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှမနှစ်သက် သဖြင့် ယခုလို ခေါ်ယူ တွေ့ ဆုံရခြင်းဖြစ်ကြောင်း နောက် နောင်  ပြက်လုံးများတင်ဆက်မည် ဆိုပါက စင်ပေါ်တွင် မတင်ဆက်မီ….

၎င်းတို့အစိုးရအဖွဲ့ရုံးသို့ စာဖြင့်ရေးသားပြီး ဦးစွာတင်ပြရမည်ဟုပြောဆိုခဲ့ကြောင်း၊ ယခုပထမဦး ဆုံး အနေဖြင့် ခွင့်လွှတ် ပေး လိုက် မည်ဟု ပြောဆိုခဲ့ပြီး…..

ယ ခု ပြက် လုံး များ သည် နိုင် ငံ တော် အ စိုး ရ အား အ ကြည် ညို ပျက် စေ သည့် ပုဒ် မ ၁၂၄ (က) ဖြင့် တ ရား စွဲ လို့ ရ ကြောင်း…….

နောက် နှောင် အ ခု လို နိုင် ငံ တော် အ စိုး ရ အ ပေါ် ပြည် သူ တွေ အ ထင် မြင် လွဲ စေ မယ့် ပျက် လုံး များ ကို မ ပျက် မိ အောင် ထိမ်း သိမ်း ကြ ဖို့ သ တိ ပေး ခဲ့ သည် ဟု သိ ရ သည်။

Cre: santhitsa.net