Loading...
Loading...
တည်ဆဲ ဖွဲ့စည်းပုံကြောင့်သာ လစာ၁၀သိန်း အမတ်များရရှိနေကြတာကို မမေ့ဖိုတပ်မတော် အမျိုးသမီးကိုယ်စားလှယ်ပြော
၂၀၀၈ ဖွဲ့စည်းပုံကြောင့် လစာ ၁၀ သိန်းရအမတ်များရှိနေဟု ဗိုလ်မှူးဒေါ်သူဇာရွှေပြော
တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်သာ လက်ရှိအစိုးရအဖွဲ့နဲ့ လွှတ်တော် တည်ရှိနေတာကို မမေ့ကြဖို့ တပ်မတော်သား အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဒေါ်သူဇာရွှေက ပြောကြားလိုက်ပါတယ်။
သြဂုတ် ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာမောင်သင်း အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးတင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးတာမှာ တပ်မတော်သား အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဒေါ်သူဇာရွှေက အခုလို ပြောတာပါ။
ယခင်အစိုးရနဲ့ ယခင်လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ ကတိသစ္စာပြု၊ ကျမ်းသစ္စာကျိန်ဆိုပြီး တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့အပြင် တရားမျှတတဲ့ ရွေးကောက်ပွဲ ပြုလုပ်ပြီး လက်ရှိအစိုးရကို အာဏာလွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေ တင်သွင်းလာတာဟာ ၄၅ ဦးကော်မတီရဲ့ ပြင်ဆင်ရေးလုပ်ငန်းစဉ်နဲ့အပြိုင် တင်သွင်းတဲ့ သဘောမဟုတ်ဘဲ ဥပဒေကြမ်းနဲ့ လုပ်ငန်းစဉ်တွေဟာ လာရာနဲ့ လားရာ ရည်ရွယ်ချက် မတူညီဘူးလို့လည်း ပြောပါတယ်။
ဒီမိုကရေစီမှာ လူများစုရဲ့ ဆန္ဒကို ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်သလို လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးစားလိုက်နာရမှာ ဖြစ်တာကြောင့် အဲဒီလိုမှ မဟုတ်ရင် ဒီမိုကရေစီ အနိုင်ကျင့်မှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
DVB
Unicode
တည်ဆဲဖွဲဲ့စည်းပုံ အခြေခံဥပဒေကြောင့်သာ လက်ရှိအစိုးရအဖွဲ့နဲ့ လွှတ်တော် တည်ရှိနေတာကိို မမေ့ကြဖို့ တပ်မတော်သား အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်် ဗိုလ်မှူးဒေါ်သူဇာရွှေက ပြောကြားလိုက်ပါတယ်။
သြဂုတ်် ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာမောင်သင်း အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးတင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ််းအပေါ် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးတာမှာ တပ်မတော်သား အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဒေါ်သူဇာရွှေက အခုလို ပြောတာပါ။
ယခင်အစိိုးရနဲ့ ယခင်လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ ကတိသစ္စာပြု၊ ကျမ်းသစ္စာကျိန်ဆိုပြီး တိုင််းပြည်တိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့အပြင် တရားမျှတတဲ့ ရွေးကောက်ပွဲ ပြုလုပ်ပြီး လက်ရှိအစိုးရကို အာဏာလွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“လက်ရှိဖွဲ့စည်းပုံကြောင့် သမ္မတဦးထင်ကျော်၊ ဦးဝင်းမြင့် အစိုးရ၊ ယခု လွှတ်တော်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွွေ၊လစာ ၁၀ သိန်း လစဉ်ရနေတဲ့ လွှတ်တော်အမတ်တွေ တည်ရှိနေတာကို မမေ့ကြဖို့ လိုပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် လက်ရှိတည်ဆဲ ဥပဒေတွေကို တိကျစွာလိုက်နာပြီး ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကိုလည်း ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးဒေါ်သူဇာရွှေက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေ တင်သွင်းလာတာဟာ ၄၅ ဦးကော်မတီရဲ့ ပြင်ဆင်ရေးလုပ်ငန်းစဉ်နဲ့အပြိုင် တင်သွင်းတဲ့ သဘောမဟုတ်ဘဲ ဥပဒေကြမ််းနဲ့ လုပ်ငန်းစဉ်တွေဟာ လာရာနဲ့ လားရာ ရည်ရွယ်ချက် မတူညီဘူးလို့လည်း ပြောပါတယ်။
ဒီမိုကရေစီမှာ လူများစုရဲ့ ဆန္ဒကိို ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်သလို် လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးစားလိိုက်နာရမှာ ဖြစ်တာကြောင့် အဲဒီလိုမှ မဟုတ်ရင် ဒီမိုကရေစီ အနိုင်ကျင့်မှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
Cre: latestmyanmarnews.com