Loading...
Loading...
တစ်ယောက်ဂုဏ်သိက္ခာကို တစ်ယောက်က လေးနက်စွာ နားလည်ပြီဆိုမှသာ အချစ်စစ်မည်၏
လူနှစ်ယောက်ချစ်တယ်ဆိုတာ တစ်ယောက်ဂုဏ်သိက္ခာကို တစ်ယောက်ကလေးစားနားလည်ယုံကြည်ခြင်းပဲ။
ဘယ်မှာ ပထမဆုံး စ မြင်ဖူးတာလဲလို့မေးရင် စာအုပ်ဆိုင်ရဲ့ နောက်ဆုံးနားလေးက ခုံတန်းအမည်းလေးနားမှာလို့ ပြောရမယ်။ စာအုပ်ဆိုင်ထဲမှာ ဟိုရှာ ဒီရှာ လုပ်နေတုန်း သူက ခပ်ပြုံးပြုံး နှုတ်ဆက်တာကနေ ပထမဆုံး လူချင်း စ တွေ့ဖူးတာ။ စာအုပ်တွေအကြောင်း ပြောနေတုန်း ပြုံးကြည့်နေတဲ့သူ့ကို ပြန်ပြုံးပြလိုက်တာကနေ ချစ်ခြင်း က စ တင်တာပါပဲ။
အဲ့ဒီမတိုင်ခင် ဘယ်လို စ ပြီးလေးစားသတိထားမိသွားတာလဲဆိုရင် ကိုယ် သိပ်သဘောကျတဲ့ ဇော်ဇော်အောင်ရဲ့ မကြည်ပြာနှင့်ယုဇန မခင်ပျို စာအုပ်ထဲက စာသားကို သူ status တင်တာကနေ စ သတိထားမိတာပဲ။
” ချစ်တယ်ဆိုတာရည်ရွယ်ချက်မရှိဘဲ လက်ခြင်းတွဲ လမ်းလျှောက်ခြင်းတစ်မျိုးပဲ . . .”
အကြိုက်ဆုံးစာအုပ်က ဘာလဲဆိုပြီး မေးတဲ့အခါ ဆရာသင့်လူ ဘာသာပြန်တဲ့ နားစွင့်ကြားဟန်ရင်ခုန်သံ နဲ့ နူးညံ့စိတ်ထားနှလုံးသား စာအုပ်တွေကို ပြိုင်တူပဲ ပြောဖြစ်ကြတယ်။
ဆရာလင်္ကာရည်ကျော် က ပြောတယ်။
ယူဖြစ်မလားလို့မေးရင် ကံကြမ္မာဆိုတာ ကြိုမြင်နိုင်တာမဟုတိဘူးလို့ဖြေမယ်။ ဘယ်အထိ ချစ်ချင်လဲလို့မေးရင်တော့ နောက်တစ်နေ့နိုးထ လာဖို့ မျှော်လင့်ခွင့် ရတိုင်း လို့ဖြေပါမယ်။
သူဟာ ကိုယ့်အတွက် အဲ့လိုလူဖြစ်ပါတယ်။
( ဘယ်လိုတွေ့တာလဲ ဘယ်ကနေ စ စိတ်ဝင်စားတာလဲ ဘာတွေတူလဲ ဘာတွေလုပ်ဖြစ်ကြလဲလို့ ခဏခဏ လာမေးကြသူများအတွက် . .)
HeinHtet Aung
By Thu Tayy Sit
Unicode
လူနှစ််ယောက်ချစ်တယ်ဆိုတာ တစ်ယောက်ဂုဏ်သိက္ခာကို တစ်ယောက်ကလေးစားနားလည်ယုံကြည််ခြင်းပဲ။
ဘယ်မှှာ ပထမဆုံး စ မြင်ဖူးတာလဲလို့မေးရင် စာအုပ်ဆိုင်ရဲ့ နောက်ဆုံးနားလေးက ခုံတန်းအမည်းလေးနားမှာလို့ ပြောရမယ်။ စာအုပ်ဆိုင်ထဲမှာ ဟိုရှာ ဒီရှာ လုပ်နေတုန်း သူက ခပ်ပြုံးပြံုး နှုတ်ဆက်တာကနေ ပထမဆုံး လူချင်း စ တွေ့ဖူးတာ။ စာအုပ်တွေအကြောင်း ပြောနေတုန်း ပြံုးကြည့်နေတဲ့သူ့ကို ပြန်ပြံုးပြလိုက်တာကနေ ချစ်ခြင်း က စ တင်တာပါပဲ။
အဲ့ဒီမတိုင်ခင်် ဘယ်လို စ ပြီးလေးစားသတိထားမိသွားတာလဲဆိုရင် ကို်ိယ် သိပ်သဘောကျတဲ့ ဇော်ဇော်အောင်ရဲ့ မကြည်ပြာနှင့်ယုဇန မခင်ပျို စာအုပ်ထဲက စာသားကို သူ status တင်တာကနေ စ သတိထားမိတာပဲ။
” ချစ်တယ်ဆိိုတာရည်ရွယ်ချက်မရှိဘဲ လက်ခြင်းတွဲ လမ်းလျှောက်ခြင်းတစ်မျိုးပဲ . . .”
လူငယ်ယောကျ်ားလေးတစ််ယောက် က ဇော်ဇော်အောင်ရဲ့ စာကို သဘောကျသတဲ့လေ။ ကိုယ်အကြိုက်ဆုံး စာရေးဆရာဖြစ်တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာတွေလည်း သူ status ခဏခဏ တင်တာကို သတိထားမိနေတာ။ ( အစ်မက ကျွန်တော့်ရဲ့ Idol ပါ. . ဆိုတဲ့စကားကိုလည်း သူက ပြောခဲ့သေး . . )
အကြိုက်ဆုံးစာအုပ််က ဘာလဲဆိုပြီး မေးတဲ့အခါ ဆရာသင့်လူ ဘာသာပြန်တဲ့ နားစွင့်ကြားဟန်ရင်ခုုန်သံ နဲ့ နူးညံ့စိတ်ထားနှလုံးသား စာအုပ်တွေကို ပြိုင်တူပဲ ပြောဖြစ်ကြတယ်။
နှစ်ယောက်် တွေ့ဖြစ်ရင် စာအုပ်အဟောင်းတန်းမှာလျှောက်ပြီး ငြိမ်သက်တိတ်ဆိတ်တဲ့ ကော်ဖီဆိုင်လေးမှာထိုင်ကြတယ်။ လူတအားရှုပ်တဲ့နေရာတွေမသွားချင်ကြဘူး။ ပန်းချီပြခန်းတွေ လိုက်ကြည့်ကြတယ်။ ဘုရားသွားပြီး ကိုယ်ပုတီးစိပ်နေရင် သူက တရားမှတ်နေတတ်တယ်။
အရေးကြီးတာကတော့ စရိုက်နဲ့ပုံစံချင်းပါ တူနေတာပါ။ စာအုပ်တွေကိုချစ်ပြီး ဆူညံညံ တီးလုံးတွေကို မကြိုက်ကြသူတွေပေါ့။
ကိိုယ် က အလုပ်လုပ်နေသူဆိုတော့ အလုပ်ချိန်တွေမှာသူနဲ့ တစ်နေ့လုံးစကားမပြောဖြစ်တာတွေရှိတယ်။ အဲ့လိုအချိန်တွေဆို သူလည်း ငြိမ်းငြိမ်းချမ်းချမ်း နားလည်ပေးတယ်။ သူ ဂိမ်းဆော့နေချိန်မှာ ဆိုရင် ကိုယ်လည်း ဖုန်းလုံးဝ မဆက်ဘူး။ ဆော့နေတုန်း ဖုန်းဝင်သွားရင် အနှောင့်အယှက်ဖြစ်မှာစိုးလို့။ တစ်ခါတစ်လေ မက်ဆေ့တောင်လှမ်းမပို့ဖြစ်ဘူး။
ဖုန်းဆက်ရင်် အချင်းချင်း အားလား ပြောလို့အဆင်ပြေလား ဘေးမှာ လူတွေရှိလားအရင်မေးတယ်။ ဟိုဘက်မှာ ဘာဖြစ်နေမှန်းမသိပဲ ဇွတ်မပြောဘူး။ မေးချင်တာရှိရင်လည်း ဝူးဝူးဝါးဝါးနဲ့ ဖုန်းကောက်ဆက် မမေးဘူး။ သူအားတဲ့အချိန်ကိုစောင့်တယ်။ အေးအေးဆေးဆေးမေးတယ်။
တစ်ယောက်ရဲ့ခံယူချက်ကိုတစ်ယောက်လေးစားတယ်။ တစ်ယောက်ရဲ့ပတ်ဝန်းကျင်ကိုတစ်ယောက်တန်ဖိုးထားတယ်။
လူချင််း တွေ့ဖြစ်တဲ့အချိန်တိုင်းကို တန်ဖိုးထားတယ်။ တခြားစိတ်ညစ်စရာတွေ အဝင်မခံဘူး။ ပြောစရာရှိလည်း အေးအေးဆေးဆေးပဲဖြေရှင်းကြတယ်။
အဓိိက ကတော့ တစ်ယောက်စကားပြောနေရင် တစ်ယောက်က ဖြတ်မပြောဘူး။ လု မပြောဘူး။ သူပြီးအောင်ပြောတာ နားထောင်ပေးတယ်။
ချစ်သူက စာဖတ်လိို့ တမင်လိုက်ဖတ်တာမျိုးမဟုတ်ဘဲ သူကိုယ်တိုင်က စာဖတ်ဝါသနာပါတဲ့လူဖြစ်နေတယ်။ အေးအေးနေတတ်တယ်။ အရေးအကြီးဆုံးက ကိုယ့်ရဲ့ အလုပ်၊ ရပ်တည်မှုနဲ့ ဂုဏ်သိက္ခာကို သူ နားလည် တယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အရေးအကြီးဆုံးက ချစ်သူရဲ့ ဖြစ်တည်မှု စာရိတ္တ နဲ့ ဂုဏ်သိက္ခာ ကို လေးစားယုံကြည်ပေးနိုင်ဖို့ပဲလေ။
သဝန်မတိုတတ်ဘူးလားလိို့မေးရင်တော့ စိတ်ရင်းနဲ့ မလိမ်ဘဲ ဖြေရ ရင် သူ့ကို လူချစ်လူခင်ပိုများလေ သဘောကျလေပဲ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ရော သူ့ကိုရော ဘယ်လောက်ထိ ယုံကြည်မှု ရှိလဲဆိုရင် ကြားဝင်မယ့်လူရှိတယ်ဆိုရင် ( စနိုက်ကြော်ချင်တယ်ဆိုရင် . . ) နှိုက်လို့ ပါမယ်ဆိုလို့ ကတော့ ယူသာသွားလို့ဖြေတယ်။ သစ္စာဖောက်သွားမှာမဟုတ်ဘူးဆိုတဲ့သူ့စာရိတ္တကို ယုံနေတာရယ်
တစ်ယောက််က တစ်ယောက်ကို ထ ဖောက်ရင် အပြစ်တွေတင်နေပြီး ပြောဆိုမနေဘဲ အေးချမ်းစွာ ကျန်ရစ်ကြမယ့်လူတွေဖြစ်နေတာရယ်ကြောင့်ပဲ။ ကိုယ့်ထက်သာတယ်ထင်လို့ကတော့ အေးဆေး ပါသွားပါစေ လို့ပဲတွေးပါတယ်။
ဆရာလင်္ကာရည်ကျော်် က ပြောတယ်။
လူတစ်ယောက်ရဲ့ဗီဇ ဆိုတာ ပြင်လို့မလွယ်ဘူးတဲ့။ သူ့မိဘတောင် နှစ် တွေအများကြီး ပြင်လို့မရတာကို ကိုယ်က ပြင်လို့ရမယ်ထင်ပြီး ကိုယ်နဲ့ စိတ်သဘောချင်းလုံးဝ မတိုက်ဆိုင်တဲ့အပြင် ကိုယ့်အလုပ်တွေ ရပ်တည်မှုတွေကို နားလည်မှုမပေးနိုင်တဲ့သူ ဆိုရင် ဘွာတေး လို့သာပြောပြီးလွှတ်ချလိုက်ပါတဲ့။
ကိိုယ်နဲ့ဗီဇ မတူတဲ့လူတွေကို ပြင်လိို့ရနိုင်မှာပါဆိုပြီး ဆွဲမထားနဲ့တဲ့။ ကိုယ်နဲ့ စရိုက် ဗီဇ တူတဲ့လူ ဆိုတာရှိပါတယ် တဲ့။
သူဟာ ကို်ယ်နဲ့ ဗီဇ၊ စရိုက်တူတဲ့သူ ဖြစ်ပါတယ်။ ( ကိုယ်က အေးချမ်းစွာနေတတ်သူမို့ အေးချမ်းစွာ တည်ရှိနေသူနဲ့ ဆုံစည်းရတာလည်း ဖြစ်နိုင်ပါတယ်။ )
ယူူမလား မယူမလားဆိုတာတွေကတော့ လူငယ်ဘဝမှာ ချောင်ပိတ်သတ်တဲ့မေးခွန်းတွေပါပဲ။ ကံကြမ္မာက ကြိုမမြင်ရဘူး။ နှစ်ယောက်လုံးကတော့မဝေးချင်ကြဘူးလေ။
ယူဖြစ်မလားလိို့မေးရင် ကံကြမ္မာဆိုတာ ကြိုမြင်နိုင်တာမဟုတိဘူးလို့ဖြေမယ်။ ဘယ်အထိ ချစ်ချင်လဲဲလို့မေးရင်တော့ နောက်တစ်နေ့နိုးထ လာဖို့ မျှော်လင့်ခွင့် ရတိုင်း လို့ဖြေပါမယ်။
ဘဝမှာ ကိိုယ်နဲ့ စိတ်ဝိဉာဉ်ချင်းတူတဲ့လူဆိုတာ တကယ်က ရှိပါတယ််။ လက်ချောင်းတွေတောင် မညီကြဘူးလေ။ အနည်းငယ် ကွာဟ နိုင််ကြပေမယ့် အချက်တော်တော်များများမှာ ရင်ခုန်သံချင်းထပ်တူ မကျရင်တောင် ရင်ခုန်သံချင်း နီးစပ်တဲ့လူဆိုတာ ရှိပါတယ်။
သူဟာ ကိုယ့်အတွက် အဲ့လိုလူူဖြစ်ပါတယ်။
( ဘယ်လိုတွေ့တာလဲဲ ဘယ်ကနေ စ စိတ်ဝင်စားတာလဲဲ ဘာတွေတူလဲ ဘာတွေလုပ်ဖြစ်ကြလဲဲလို့ ခဏခဏ လာမေးကြသူများအတွက် . .)
Cre: latestmyanmarnews.com