Loading...
Loading...
ကျောင်းအပ်ခိုင်းထားတဲ့ ၀န်ထမ်းက လိမ်ပြေးသဖြင့်် ကျောင်းသူ၊ ကျောင်းသား ၁၃ ဦး ယခုနှစ် ကျောင်းတက်ခွင့် ဆုံးရှုံး
ပြည်တက္ကသိုလ် အဝေးသင်ကျောင်းသူ၊ ကျောင်းသား ၁၃ ဦးရဲ့ကျောင်းအပ်ခိုင်းတဲ့ ငွေတွေကို ကျောင်းဝန်ထမ်းကလိမ်ပြီး၊ ရှောင်ပြေးသွားတာကြောင့် ပညာသင်ကြားခွင့် တနှစ်ဆုံးရှုံး
ပြည်တက္ကသိုလ်၊ အဝေးသင်ဌာနမှာ တက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသား ၁၃ ဦးက အလုပ်တဖက်နဲ့ မအားလပ်သည့်အတွက် ၊ ကျောင်းဝန်ထမ်းတဦးကိုငွေပေးပြီး ကျောင်းအပ်နှံခိုင်းရာ အဆိုပါဝန်ထမ်းက ကျောင်းမအပ်ပဲ ငွေတွေကိုသုံးကာရှောင် သွားတာကြောင့် အခု ကျောင်တက်ရမယ့် စာရင်းမှာမပါတော့တာဖြစ်ပါတယ်။
အခုလိုနစ်နာခဲ့ရတဲ့အတွက် ကျောင်းသူ၊ ကျောင်းသူတွေက ကျောင်းပြန်တက်ခွင့်ပြန်ပေးစေလိုကြောင်း မိန်းမရဲ ကျေးရွာမှာနေထိုင်တဲ့ ဒုတိယနှစ်မြန်မာစာ ကျောင်းသူ မဇင်မာနှင်းကပြောပါတယ်။
ကျောင်းသူ ကျောင်းသား ၁၃ ဦးဆီက တဦးကို ၇ သောင်းကနေ ၁ သိန်းကျော်လောက်အထိ အလိမ်ခံလိုက်ရတာဖြစ်ပြီး လိမ်လည်သွားတဲ့ ဝန်ထမ်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စက်ပိတ်ထားတယ်လို့ အလိမ်ခံရတဲ့ ဒုတိယနှစ်မြန်မာစာကျောင်းသူ မဇူးဇူးငယ်ကပြောပါတယ်။
အခုလိုကျောင်းအပ်ပေးရမယ့် ငွေတွေလိမ်သွားတဲ့ ပြည်တက္ကသိုလ် ၀န်ထမ်း ဒေါ်ဆွေဆွေဝင်းဟာ ယခင်ကလည်း အခုလို လိမ်လည်မှုတွေ ပြုလုပ်ခဲ့တာ ရှိခဲ့ပြီး သူမကို အလုပ်ကယာယီရပ်နားထားသလို ဝန်ထမ်းဥပဒေနဲ့လည်း ထပ်မံအရေးယူသွားမှာဖြစ်ပြီး၊ ကျောင်းကတော့ အခုနှစ်ပြန်တက်လို့ မရတော့ပါဘူး၊
နောက်ဒါမျိုးက မြန်မာနိုင်ငံက တက္ကသိုလ် တော်တော်များများမှာလည်း မကြာခဏ အခုလို ပြဿနာတွေ ဖြစ်နေတယ်လို့် ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။
အလိမ်ခံရတဲ့ ကျောင်းသူ၊ ကျောင်းသား အများစုဟာ အထည်ချုပ်စက်ရုံတွေနဲ့ ဓာတ်ဆီဆိုင်တွေမှာ အလုပ်လုပ်ကြရတဲ့ ကျေးလက်ဒေသက အလုပ်တဖက်နဲ့ ကျောင်းတက်နေရတဲ့ လူငယ်တွေဖြစ်ပါတယ်။
ယခုကျောင်းတက်ခွင့်မရခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ပထမအကြိမ် အဆိုင်းမန့်တင်ရပြီး၊ ဒုတိယအကြိမ် အဆိုင်းမန့်ကိုတော့ လာမယ့် ၃၀ ရက်နေ့မှာ ထပ်တင်ရမှာဖြစ်သလို အနီးကပ်သင်တန်းတွေကတော့ လာမဲ့ အောက်တိုဘာလမှာတက်ရတော့မှာဖြစ် ပေမယ့် ကျောင်းတက်ခွင့် တနှစ်ဆုံးရှုံးခဲ့ရပါတယ်။
မြေလတ်အသံ
Unicode
ပြည်တက္ကသိုလ်် အဝေးသင်ကျောင်းသူ၊ ကျောင်းသား ၁၃ ဦးရဲ့ကျောင်းအပ်ခိုင်းတဲ့ ငွွေတွေကို ကျောင်းဝန်ထမ်းကလိမ်ပြီး၊ ရှောင်ပြေးသွားတာကြောင့်် ပညာသင်ကြားခွင့် တနှစ်ဆုံးရှုံး
ပြည်တက္ကသိိုလ်၊ အဝေးသင်ဌာနမှာ တက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသား ၁၃ ဦးက အလုပ်တဖက်နဲ့ မအားလပ်သည့်အတွက် ၊ ကျောင်းဝန်ထမ်းတဦးကိုငွေပေးပြီး ကျောင်းအပ်နှံခိုင်းရာ အဆိုပါ၀န်ထမ်းက ကျောင်းမအပ်ပဲ ငွေတွေကိုသုံးကာရှောင် သွားတာကြောင့် အခု ကျောင်တက်ရမယ့် စာရင်းမှာမပါတော့တာဖြစ်ပါတယ်။
အခုလိုိနစ်နာခဲ့ရတဲ့အတွက်် ကျောင်းသူ၊ ကျောင်းသူတွေက ကျောင်းပြန်တက်ခွင့်ပြန်ပေးစေလိုကြောင်း မိန်းမရဲ ကျေးရွာမှာနေထိုင်တဲ့ ဒုတိယနှစ်မြန်မာစာ ကျောင်းသူ မဇင်မာနှင်းကပြောပါတယ်။
” ကျမတိို့က ရန်ကုန်မြို့က အထည်ချုပ်မှာလုပ်တာ အရင်နှစ်ကလဲ သူပဲအပ်ပေးလို့ အစဉ်ပြေတယ်။ ဟိုကနေငွေလွဲပေးလိုက်ရုံပဲ၊ ကိုယ်တွေကလဲ ခွင့်က သိပ်မရတော့ အခုလိုပဲလုပ်ရတာ။ အခုတော့ ကျမနဲ့ကျမ မောင်လေး (၂) ယောက်စာ ဆိုရင် နှစ်သိန်းနီးပါးလောက်ပါသွားတာ မောင်လေးက ဓါတ်ဆီဆိုင်မှာ အလုပ်လုပ်တာ၊ ကျမတို့ကတော့ ကျာင်းပြန်တက်ခွင့်ပဲရချင်ပါတယ်။” လို့ မဇင်မာနှင်းက ဆက်ပြောပါတယ်။
ကျောင််းသူ ကျောင်းသား ၁၃ ဦးဆီက တဦးကို ရ သောင်းကနေ ၁ သိန်းကျော်လောက်အထိ အလိမ်ခံလိုက်ရတာဖြစ်ပြီး လိမ်လည်သွားတဲ့ ဝန်ထမ်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စက်ပိတ်ထားတယ်လို့ အလိမ်ခံရတဲ့ ဒုတိယနှစ်မြန်မာစာကျောင်းသူ မဇူးဇူးငယ်ကပြောပါတယ်။
“ငွေပေးလိိုက်ရတာထက် တနှစ်အောက်သွားတာကို လက်မခံနိုင်ဘူး၊ ကလေးတွေအတွက် ဘယ်လိုလုပ်ပေးနိုင်ကျမလဲဆိုတာကို အစိုးရလူကြီး မင်းတွေကိုလဲ အကူအညီတောင်းချင်ပါတယ်။ ကျမတို့ကမရှိတဲ့သူတွေပါ၊ ကလေးတွေလဲ အရမ်းသနားဖို့ကောင်းပါတယ်။”လို့ ၀က်ထီးကန်မြို့က ဒုတိယနှစ်မြန်မာစာကျောင်းသူ မဇူးငယ်ငယ်အောင်ရဲ့မိခင် ဒေါ်ဝင်းမြင့်က ပြောပါတယ်။
အခုလိုိကျောင်းအပ်ပေးရမယ့် ငွေတွေလိမ်သွားတဲ့ ပြည်တက္ကသိုလ် ၀န်ထမ်း ဒေါ်ဆွေဆွေဝင်းဟာ ယခင််ကလည်း အခုလို လိမ်လည်မှုတွေ ပြုလုပ်ခဲ့တာ ရှိခဲ့ပြီး သူမကို အလုပ်ကယာယီရပ်နားထားသလိုိ ဝန်ထမ်းဥပဒေနဲ့လည်း ထပ်မံအရေးယူသွားမှာဖြစ်ပြီး၊ ကျောင်းကတော့ အခုနှစ်ပြန်တက်လို့ မရတော့ပါဘူး၊
နောက်ဒါမျိုးက မြန်မာနိုင်ငံက တက္ကသိုလ် တော်တော်များများမှာလည်း မကြာခဏ အခုုလို ပြဿနာတွေ ဖြစ်နေတယ်လို့် ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။
အလိိမ်ခံရတဲဲ့ ကျောင်းသူ၊ ကျောင်းသား အများစုဟာ အထည်ချုပ်စက်ရုံတွေနဲ့ ဓာတ်ဆီဆိုင်တွေမှာ အလုပ်လုပ်ကြရတဲ့ ကျေးလက်ဒေသက အလုပ််တဖက်နဲ့ ကျောင်းတက်နေရတဲ့ လူငယ်တွေဖြစ်ပါတယ်။
ယခုုကျောင်းတက်ခွင့်မရခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ပထမအကြိမ် အဆိုင်းမန့်တင်ရပြီး၊ ဒုုတိယအကြိမ် အဆိုင်းမန့်ကိုတော့ လာမယ့် ၃၀ ရက်နေ့မှာ ထပ်တင်ရမှာဖြစ်သလို အနီးကပ်သင်တန်းတွေကတော့ လာမဲ့ အောက်တိိိုဘာလမှာတက်ရတော့မှာဖြစ် ပေမယ့် ကျောင်းတက်ခွင့် တနှစ်ဆုံးရှုံးခဲ့ရပါတယ်။
မြေလတ်အသံံ
Cre: latestmyanmarnews.com