Loading...
Loading...

ဒီချုပ်အစိုးရလက်ထက် ပထမနှစ်အတွင်း ပြည်ပမှ ငွေလွှဲပေးပို့မှုများ လျော့ကျ

ဒီချုပ်အစိုးရလက်ထက် ပထမဆုံးဘဏ္ဍာနှစ် ၂၀၁၆-၁၇ တွင် ပြည်ပနိုင်ငံများသို့ သွား ရောက်လုပ်ကိုင်နေသော မြန်မာ နိုင်ငံသားများထံမှ ပြည်တွင်းသို့ ငွေပြန်လည်ပေးပို့မှုများ လျော့နည်းခဲ့ကြောင်း ယမန်နေ့ကထုတ်ပြန်သည့် ဗဟိုဘဏ်၏ ဘဏ္ဍာရေး နှစ်ချုပ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ ဘဏ္ဍာနှစ်တွင် ပြည်ပသွားရောက်လုပ်ကိုင်သူ များထံမှ ငွေလွှဲပေးပို့မှု ကန်ဒေါ် လာ ၂ ဒသမ ၇ ဘီလီယံကျော် ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါပမာဏသည်၂၀၁၅ -၁၆ ဘဏ္ဍာနှစ်ထက် ဒေါ်လာ သန်း ၃၈၀ ကျော်လျော့နည်းသွားခြင်းဖြစ်သည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ဒေါ်လာသုံးဘီလီယံကျော်ရှိသ ဖြင့် ဘဏ္ဍာနှစ် နှစ်ခုနှိုင်းယှဉ်ပါက ၁၁ ဒသမ ၉ ရာခိုင်နှုန်းလျော့နည်း နေသည်။

‘‘တရားမ၀င် ဟွန်ဒီဈေး ကွက်က ကြီးတော့ တရားဝင်က လျော့သွားတာမျိုးပါ’’ ဟု အငြိမ်း စားဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦး သန်းလွင်က ပြောသည်။

မြန်မာနိုင်ငံ၏ တရားမ၀င် ငွေကြေးလွှဲပြောင်းမှုကို ဘဏ် လုပ်ငန်းကျွမ်းကျင်သူအချို့က ယခင်က သီးသန့်တွက်ချက်မှုအရ တစ်နှစ်ဒေါ်လာငါးဘီလီယံခန့်ရှိ နိုင်သည်ဟု ၎င်းကခန့်မှန်းသည်။

မြန်မာနိုင်ငံ၏ တရားမ၀င် ငွေကြေးဈေးကွက်သည် ယနေ့အ ချိန်ထိရှိနေပြီး ငွေလွှဲပေးပို့မှု မည်မျှရှိနေသည်ကို စာရင်းဇယား မရှိသဖြင့် ခန့်မှန်းရန်ခက်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်တင် သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူများအသင်းဥက္ကဋ္ဌဒေါက်တာ စိုးထွန်းက ပြောသည်။

တရားမ၀င်(ဟွန်ဒီ)ငွေလွှဲ ပေးပို့မှုများနေခြင်းကို ပြောင်းလဲ ၍ တရားဝင်ငွေလွှဲပေးပို့မှုများဖြစ်လာစေရန် အခွန်လျှော့ပေးသည့်နည်းလမ်းဖြင့် ဆွဲဆောင်သင့်ကြောင်း ဦးသန်းလွင်ကဆိုသည်။

Cre: 7daydaily.com