Loading...
Loading...

လူကြီးပိုင်းအရွယ်များ ဦးနှောက် သွေးကြော မပြတ်စေရန် သတိထားသင့်တဲ့ အချက်များ

လူကြီးပိုင်းအရွယ်များ ဦးနှောက် သွေးကြော မပြတ်စေရန် သတိထားသင့်တဲ့ အချက်များ

လူကြီးပိုင်းအရွယ်များ ဦးနှောက် သွေးကြော မပြတ်စေရန် သတိထားသင့်တဲ့ အချက်များ

သွေးလေမညီညွှတ်မှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ အဖြစ်တွေကနေ ကာကွယ်ပေး၊ ကယ်တင်ပေးနိုင်တဲ့ ဒီနည်းလမ်းက အသက် (၅၀) နဲ့အထက် အရွယ်က စပြီး သိထားသင့်၊ ကျင့်သုံးသင့်တဲ့နည်းတစ်ခု ဖြစ်ပါတယ်။ ပိုက်ဆံ တစ်ပြားတစ်ချပ်မှလည်း မကုန်ဘူး။

သုတေတနပြုချက်အရ နှလုံးခုန်နှုန်းတွေကို တိုင်းတာပြီး မှတ်တမ်းပြုစက် (ECG) နဲ့ ဂရုတစိုက်လေ့လာရာက တွေ့ရှိမှုတစ်ခုက နေ့လည်နေ့ခင်းတွေမှာ လူတွေရဲ့ နှလုံးခုန်နှုန်းက ပုံမှန်ရှိပြီး ညပိုင်းကျတော့ နှလုံးခုန်နှုန်းက နှေးသွားလေ့ရှိပါတယ်။

အိပ်နေစဉ်မှာ နှလုံးက အတော်အတန်နှေးနေပြီး လူတော်တော်များများမှာ ရုတ်တရက် နှလုံးသွေးအား လျော့နည်းသွားတာတွေ့ရတယ် ။ ဒီလို နှေးနေချိန်မှာ ရုတ်တရက် ငုတ်တုတ်ထိုင်ပြီး ကုတင်ပေါ်ကနေ ဆတ်ခနဲ ထသွားတယ်ဆိုပါတော့။ ဒီအချိန်မှာ နှလုံးကပုံမှန်ခုန်ဖို့ အားယူနေရတယ် ။

ရုတ်တရက်ထလိုက်တာကြောင့် သွေးကောင်းကောင်းမညှစ်နိုင်တာတွေဖြစ်လာပါတယ်။ သွေးဖိအား ကျဆင်းသွားမယ်။ ဦးနှောက်ဆီကို သွေးပို့ဆောင်တဲ့အခါမှာ အလျင် မမီဘူး။ သွေးရောက်တာ လျော့နည်းသွားပြီး သွေးကြောပြတ်တယ် ။

အတင်းညှစ်ရတဲ့အခါမှာ အသက်ကြီးသူတွေရဲ့ နှလုံးကြွက်သားက လူငယ်တွေလို အားမကောင်းလို့ မညှစ်နိုင်ဘဲ နှလုံးခုန်ရပ်သွားမယ်။ ကိုယ်တွေတောင် တစ်ခါတစ်လေ အိပ်ယာက ငေါက်ခနဲ ထထိုင်ရင် မူးဝေတတ်ကြသေးတာပဲ မဟုတ်လား။

ဒီတော့ သိပ္ပံပညာရှင်တွေက မိနစ်ဝက် ( ၃ ) မျိုး၊ နာရီဝက် ( ၃ ) မျိုးကို သတိပြုပါလို့ မှာထားကြပါတယ် ။ မိနစ်ဝက် ( ၃ ) မျိုး၊ နာရီဝက် ( ၃ ) မျိုး ဆိုတာ ဘာလဲ ။ ဘယ်လို သတိထားရမှာလဲ ။

မိနစ်ဝက် ( ၃ ) မျိုးဆိုတာက

နိုးနိုးချင်း ကုတင်ပေါ်ကနေ မထဘဲနဲ့ မိနစ်ဝက် ဆက်လှဲနေပါ။ မိနစ်ဝက်ပြည့်မှ ထထိုင်ပါ။ ပြည့်ပြီဆို ခြေထောက်ကို တွဲလောင်းချ (သို့) ခြေဆင်းလျက်နဲ့ မိနစ်ဝက် ထပ်နေပါ။ မိနစ်ဝက် ပြည့်မှ မတ်တတ် ရပ်ထပြီး သွားလိုရာ သွားပါ ။

သိပ်အကြမ်းမခံတော့တဲ့ ကားတစ်စီးကို တစ်ညလုံး ရပ်ထားပြီး မနက်ရောက်တော့ နှိုးမရတာမျိုးလိုပေါ့ ။ တစ်ခါတစ်လေ ဘက်ထရီဒေါင်းနေတာ ၊ စက်ကပ်နေတာတို့နဲ့ ကြုံရင် စက်နှိုးပြီး ချက်ချင်း တန်းမောင်းသွားလို့ မရတတ်ဘူး ။ နှိုးတဲ့အခါ ဖြည်းဖြည်းချင်း အင်ဂျင်ပူအောင် နွှေးပြီးမှ နှိုးရပါတယ် ။

ဒီလိုပဲ လူကြီးတွေကလည်း နိုးနိုးချင်း ထမသွားဘဲ အရင် သွေးစီးဆင်းအောင် စောင့်ရပါတယ် ။ တစ်မှ သုံးဆယ်အထိ ရေတွက်လိုက်တာကလည်း မိနစ်ဝက်နဲ့ တူတူပါပဲ ။ ဒီနည်းကိုသာ အမြဲတမ်းကျင့် သုံးမယ်ဆိုရင် ဘာ နှလုံးမှလည်း မဖောက်တော့ဘူး ။

ဦးနှောက်တွင်း သွေးယုတ်လျော့ဆင်းတာလည်း မဖြစ်တော့ဘူး ။ ဦးနှောက်သွေးကြောပြတ်တာ ၊ အမောဖောက်တာ ၊ ရုတ်တရက် သွေးကြောပိတ်တာ၊ လေဖြတ်တာတို့ မဖြစ်တော့ဘူး ။

နာရီဝက် ( ၃ ) မျိုးဆိုတာကတော့

( ၁ ) မနက်အိပ်ရာထပြီးတဲ့နောက် နာရီဝက် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ ။ အနည်းဆုံး ( ၃ ) ကီလိုမီတာ ( ၂ ) မိုင်နီးပါး လောက် လမ်းလျှောက်ပေးပါ ။

( ၂ ) နေ့လည်ပိုင်းမှာ နာရီဝက်လောက် တစ်ရေး အိပ်ပေးပါ ။ ဒါကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝအချိန် ဇယားအရ လိုအပ်ချက် ဖြစ်ပါတယ် ။

နေ့လည် နာရီဝက် အိပ်ခြင်းဖြင့် တစ်ညနေလုံး လန်းဆန်းနေပါလိမ့်မယ် ။ သက်ကြီးရွယ်အိုတွေက ညဘက်မှာ စောစောအိပ်တတ်ကြတယ် ။

မနက်ဆိုလည်း အစောကြီးထတော့ အအိပ် အနေနည်းတယ် ။ ဒါကြောင့် နေ့လည်ပိုင်းမှာ ဖြည့်စွက်အိပ်စက်အနားယူသင့်တယ် ။

( ၃ ) ညနေခင်း ( ၆ ) နာရီ ( ၇ ) နာရီလောက်မှာ နာရီဝက်လောက် ဖြည်းဖြည်း လမ်းလျှောက်ပေးခြင်းအားဖြင့် ညဆို ပိုအိပ်ပျော်စေမယ် ။

ဒီလို နာရီဝက် ( ၃ ) မျိုးကို ကျင့်သုံးမယ်ဆိုရင်တော့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ သွေးတိုးရောဂါဖြစ်ပွားနှုန်းကို သိသိသာသာ လျော့နည်းစေပါမယ် ။

Cre: santhitsa.net