Loading...
Loading...

ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်ရဲ့ ဖခင်ကွယ်လွန်

ပရိသတ်တွေကို ပျော်စရာ၊ရယ်မောစရာတွေနဲ့ ဖျော်ဖြေ၊တင်ဆက် သရုပ်ဆောင်လေ့ရှိတဲ့ ဟာသသရုပ်ဆောင်လဲ ဖြစ်၊ ဇာတ်ပို့၊ဇာတ်ရံလဲ ဖြစ်တဲ့ သရုပ်ဆောင် မမျိုးမျိုးခိုင်ရဲ့ ဖခင်ဖြစ်သူ ဦးဘမောင် ဟာ သြဂုတ်လ ၂၄ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ဖခင်ဖြစ်သူကွယ်လွန်သွားတာ ကြောင့် ပူဆွေးသောကရောက်နေရပေမယ့် သူမရဲ့ အပူကို ဖော်ပြကြေညာခြင်းမရှိခဲ့ဘဲ အနုပညာမောင်နှမတွေ ဖြစ်တဲ့ ဟာသသရုပ်ဆောင် ရဲလေးမရဲ့ သူမဖေ့စ်ဘုတ်ပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာအရ သိရပါတယ်။

သူရေးသားခဲ့တာကတော့ “ ချစ်ခင်လေးစား ရတဲ့ မမကြီး သရုပ်ဆောင် မျိုးမျိုးခိုင် ရဲ့ ဖခင် ဦးဘမောင် အသက် ၈၀နှစ် ကွယ်လွန်အနိစ္စရောက်ရှိကြောင်းကြားသိရတဲ့ အတွက် ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ် ကောင်းမွန်မြင့်မြတ်ရာ ဘုံသို့ အေးချမ်းစွာ ရောက်ရှိပါစေ” လို့ ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

ဇာတ်ပို့ ၊ ဇာတ်ရံ သရုပ်ဆောင် မမျိုးမျိုးခိုင် ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ ကျန်ရှိနေတဲ့ ရုပ်ကလာဘ်ကို သြဂုတ်လ(၂၅)ရက်နေ့က မီးသဂြိင်္ိုလ် ခဲ့တယ်လို့ လဲသိရပါတယ်။

ဖခင်တစ်ယောက်ဆုံးဆုံးရတဲ့ အခါ အရမ်းကိုပူလောင်တဲ့ခံစားချက်မျိုးကို ခံစားရတာကြောင့် မမျိုးမျိုးခိုင်နဲ့အတူ ထပ်တူခံစားရပါတယ်။ မမျိုးမျိုးခိုင်ရဲ့ ဖခင်ဖြစ်သူလဲ ကောင်းရာဘုံဘ၀ကိုရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ဖတ်ရှု့ပေးတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပရိသတ်ကြီး လဲ ဆုမွန်ကောင်းတောင်းပေးကြပါအုံ

Cre: burmese.asia