Loading...
Loading...

ကွတ်ခိုင်အထွက်မှာ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရ၊ ကွတ်ခိုင်-မူဆယ် လမ်းပိုင်း ယာယီ ပြန်ပိတ်

မန်လွယ်နဲ့ နမ့်ဖတ်လွန်းအကြားမှာ တွဲကား(၈)စီးရဲ့ ဘီးတွေ ပစ်ဖောက်ခံထားရဓာတ်ပုံ မူပိုင်THU YA MOE MOE
Image captionမန်လွယ်နဲ့ နမ့်ဖတ်လွန်းအကြားမှာ တွဲကား(၈)စီးရဲ့ ဘီးတွေ ပစ်ဖောက်ခံထားရ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် ရက်အတန်ကြာပိတ်ဆို့နေခဲ့ပြီး သြဂုတ် ၂၆ ရက်နေ့ ညနေပိုင်းမှာမှ ပြန်လည်သွားလာခွင့်ရခဲ့တဲ့ ကွတ်ခိုင် – မူဆယ်လမ်းပိုင်းကားအချို့ ပစ်ခတ်ခံရပြီးနောက် ဒီကနေ့ သြဂုတ် ၂၇ ရက်နေ့ နေ့လယ် ၁၁ နာရီ ဝန်းကျင်မှာ ယာယီပြန်ပိတ်ထား တယ်လို့ ကွတ်ခိုင်မြို့အဝင်ဂိတ်အနီးမှာရောက်ရှိနေသူအချို့က ဘီဘီစီကိုပြောပါတယ်။

‘ ‘ ဒီကနေ့ မနက် ၉နာရီကျော်လောက်ကဖြစ်တာပါ။ အပစ်ခံရတဲ့ ကားကလူကို ကွတ်ခိုင်ဆေးရုံကိုပဲ ပို့ပေး ခဲ့တယ်။ နားရွက်ကိုပဲရှပ်ထိသွားတာဆိုတော့ ကြီးကြီးမားမားတော့ ဒဏ်ရာရသွားတာမရှိဘူး။ အခု တော့ သက်သာနေပြီလို့ သိရပါတယ် ”လို့ ကွတ်ခိုင်မြို့အထွက်မှာ ပစ်ခတ်ခံခဲ့ရတဲ့ ကားပေါ်ပါဒဏ်ရာ ရသူကို သွားရောက်ကူညီပေးခဲ့တဲ့ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးကဘီဘီစီကိုပြောပြပါတယ်။

ကွတ်ခိုင်မြို့အထွက်မှာ အိမ်စီးကား ပစ်ခတ်ခံခဲ့ရသလို ကွတ်ခိုင် – မူဆယ်လမ်းပိုင်းက မန်လွယ်နဲ့ နမ့်ဖတ်လွန်းအကြားမှာလည်း တွဲကား ၈ စီး ကားဘီးတွေ ပစ်ဖောက်ခံထားရတဲ့အတွက် လမ်းမှာ ကန့်လန့်ခံပြီး ပိတ်နေတယ်လို့ လည်း ကွတ်ခိုင်မြို့ခံတချို့ကပြောပါတယ်။

ကျည်ဆံက ကားပေါ်ပါသူရဲ့ နားရွက်ကို ရှပ်ထိသွားဓာတ်ပုံ မူပိုင်ZAR NI
Image captionကျည်ဆံက ကားပေါ်ပါသူရဲ့ နားရွက်ကို ရှပ်ထိသွား

” ကျွန်တော်တို့ ဒီမနက် စားသောက်ရေးအခက်အခဲဖြစ်နေတဲ့ မိုင်းလုလေး၊ မန်လွယ်၊ နမ့်ခိုက်ရွာတွေ ဘက်ကို လှူဖို့သွားတာ။ လမ်းမှာ ကွတ်ခိုင်အထွက် ၂မိုင်ကျော်ကျော်မှာ ပဲ ကားတစ်စီး ကန့်လန့် ပိတ်နေလို့ ပြန်လှည့်လာခဲ့တယ်။ ဘယ်လိုအခြေအနေရှိနေသလဲဆိုတာ သေသေချာချာမသိရဘူးဖြစ်နေလို့ ပြန်လှည့် လာခဲ့တာ” လို့ ကွတ်ခိုင်မြို့ကိုရောက်ရှိနေတဲ့ နယ်စည်းမခြားပရဟိတ( သီပေါ)အဖွဲ့က ကိုမျိုးက ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့တို့အကြားဖြစ်ပေါ်နေ တဲ့တိုက်ပွဲတွေကြောင့် လားရှိုး – ကွတ်ခိုင် -မူဆယ် လမ်းပိုင်းတွေကို ရက်အတန်ကြာသွားလာလို့မရဘဲ ပိတ်ဆို့နေခဲ့ပြီးနောက် သြဂုတ် ၂၆ ရက်နေ့မှာမှ ကွတ်ခိုင်- မူဆယ်လမ်းနဲ့ နမ့်ဖတ်ကာ- မူဆယ်လမ်းတွေကို ပြန်လည် အသုံးပြုခွင့်ရခဲ့တာဖြစ်ပါတယ်။

ကားတွေအပစ်ခံရတာရှိနေတဲ့အတွက် ကွတ်ခိုင် – မူဆယ်နည်းတူ နမ့်ဖတ်ကာ – မူဆယ်လမ်းပိုင်းမှာလည်း ယာယီပြန်ပိတ်နေတဲ့သဘောဖြစ်နေတယ်လို့ မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)ရဲ့ အသင်း တာဝန်ခံက ဘီဘီစီကိုပြောပြပါတယ်။

‘ ‘ မနေ့က ကားတွေကို စလွှတ်ကလည်းက တစ်ညလုံးရော သွားကြတယ်။ မနက်ကတော့ နမ့်ဖလွန်းဘက် ကမှာ ကားတွေပိတ်ထားတော့ မနက် ၁၀နာရီခွဲလောက်ကစပြီး ပြန်ပိတ်နေတယ်။ နမ့်ဖတ်ကာကအရင်က မြို့ပြင်ထွက်ခွင့်ပိတ်ထားပေမယ့် အခုတော့ သွားလို့ရနေပြီ။ ဒါပေမယ့် လမ်းပိုင်းမှာက နှစ်ဘက်စလုံးက ရှိနေတော့ ခဏလေးဖြစ်လိုက် ခဏလေးပြန်ပျောက်လိုက်ဖြစ်နေတာ။ သိန္နီနဲ့ နမ့်ဖတ်ကာ ကြားက အချိန် မရွေးဖြစ်နေတော့ အခြေအနေက ပွင့်တယ်လို့လည်း ပြောလို့မရ ပိတ်တယ်လို့လည်း ပြောလို့မရ ဖြစ်နေ တာ” လို့ မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)ရဲ့ အသင်း တာဝန်ခံက လတ်တလော အခြေ အနေကို ပြောပြပါတယ်။

တိုက်ပွဲတွေကြောင့် ရက်အတန်ကြာ ပိတ်မိနေကြတဲ့ ကွတ်ခိုင်မြို့ ၊ မန်လည်ရွာအနီးဝန်းကျင်က ကျေးရွာ တွေမှာ စားစရာတွေပြတ်လပ်လုနီးပါးဖြစ်နေပြီး အခက်အခဲဖြစ်နေကြတယ်လို့ ကွတ်ခိုင်မြို့ကို ရောက်ရှိနေ တဲ့ နယ်စည်းမခြားပရဟိတ( သီပေါ)အဖွဲ့က ကိုမျိုးက ဘီဘီစီကို ပြောပြ ပါတယ်။

Cre: bbc.com