Loading...
Loading...
စစ်ကိုင်းလမ်းခွဲမှာ နေပူ ပူမိုးရွာရွာ အကျီ ဘယ်တော့မှ မဝတ်တဲ့ခလေး ညီလေးဘာလို့ တောင်းစား နေတာလဲမေးတော့ ထင်မ ထားတဲ့ ဖြေ ကိုပေးတယ် ကျနော အဖေမရှိတော့ဘူးတဲ့ အမေက နောက် ယောက်ကျာင်္းယူလိုက်တာတဲ့ ပုထွေးကအမြဲထိုးတယ်နှိပ်စက်တယ်တဲ့။
Wa Nna (လေးစားမှုဖြင့် ခရက်ဒစ်)
Unicode ဖြင့် ဖတ် ရန်
ကလေးတွေကိုလိုက်ခိုးပြီး တောင်းစားခိုင်းတဲ့ဂိုဏ်းအကြောင်း ကိုယ်တွေ့ပြောပြ တဲ့ ကောင်လေး
မထင်မှတ်ပဲ ၆၂လမ်း စံပြလမ်းဒေါင်းက Co Co မှာရခဲ့တဲ့ ဘော်ဒါအသစ်။
စစ်ကိုင်းလမ်းခွဲမှာ နေပူ ပူမိုးရွာရွာ အကျီ ဘယ်တော့မှ မဝတ်တဲ့ခလေး ညီလေးဘာလို့ တောင်းစား နေတာလဲမေးတော့ ထင်မ ထား တဲ့ ြဖေ ကိုပေးတယ် ကျနော အဖေမရှိတော့ဘူးတဲ့ အမေက နောက် ယောက်ကျာၤးယူလိုက်တာတဲ့ ပုထွေးက အမြဲထိုး တယ် နှိပ် စက်တယ်တဲ့။
အိမ်ပေါ်ကဆင်ပီးလျောက်သွားတော့ စစ်ကိုင်လမ်းခွဲမှာ တောင်းတဲ့အဖွဲ့ခေါ် ထားရင်တောင်း ဖြစ်သွား တာတဲ့ တစ်ရက်ကို တစ် သောင်း တစ်သောင်းခွဲလောက်ရတယ်တဲ့ အကုန်အပ်ရတာတဲ့ နည်းတဲ့နေဆို ထမင်းမကျွေးဘူး ရေမတိုက်ဘူးတဲ့……
တခါတလေဆိုထိုးတယ်တဲ့ ကျနောထွက်ပြေးတာသုံးခါရှိပြီတဲ့ ပြန် ဖမ်းပြီး ပြန်လုပ်ခိုင်းတာတဲ့ ဒီတစ် ခါတော့ ကျနော တော်တော်ဝေး တဲ့ နေရာကိုပြေးလာခဲ့တာတဲ့ သူတို့စီမှာ အဲ့လိုခိုင်း တဲ့သူတွေ အများ ကြီးရှိတယ်တဲ့……
ခလေးလေးတွေ ငယ်ငယ်လေးတွေက သူတို့ငှားတာလားလို့မေးတော့ မဟုတ်ဘူးတဲ့ သူတို့က လိုက်ခိုး တာတဲ့ လမ်းမှာ တောင်းနေ တဲ့ ခလေးတွေ ဆိုင်ကယ်တိုက်ပီးသေတာတို့တစ်ခုခုဖြစ်ရင် လျော်ကြေး ရတဲ့ ပိုက်ဆံနဲ့ခြံတွေ အိမ်တွေ ဖုန်းတွေ ဝယ်ကျတာ တဲ့ အော် တော်တော်တရားကျကြပါတယ်ကွာ။
မင်းအလုပ်မလုပ်ချင်ဘူးလားမေးတော့ လုပ်ချင်တာ ပေါ့ဗျာတဲ့ ခုဦလေးကြီးတစ်ယောက်က အလုပ် လုပ်ဖို့ခေါ်မယ်ပြောတယ်တဲ့ နယ်ဘတ်မှာတဲ့။
အေးအေး ဂရုစိုက်အုန်းလို့အရောင်းစားခံရမယ်နောလို့ပြောတော့ ဟုတ်ကဲ့ ကျနော လူရည်လည် နေပါ ပြီ ဗျာလို့ပြောပြီး အာလူးကြော် လေးနဲ့speed ဗူးလေးကိုင်ပြီး ကိုယ်ထပ်ပေးလိုက်တဲ့ ငါးရာလေးယူပြီး လစ်သွားလေရဲ့ …ဗျို့ကိုကြီးတဲ့ ဖြေးဖြေးမောင်းသွားအုန်းတောင် မှာလိုက်သေးတယ် ဆရာသမားက။
တောင်းစားတဲ့ ခလေးထဲမှာတော့ တော်တော် အံသြ မိတယ်။ ကော်မရှူဘူး။ ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူးတဲ့။
နောက်ပြီး အဲ့ Co Co ကဝန်ထမ်းကောင်မလေးကသူနဲ့ ပြောနေတာ နင်ကစိတ်ချရတယ်တဲ့။ ဟိုနေ့က တောင်းတဲ့ နှစ်ယောက်က ဆိုင် က ပစ္စည်းတွေ ခိုးသွားတယ်တဲ့။
အဲ့လိုကြောင့် တစ်ခါတစ်လေ ဝန်ထမ်းကောင်မလေးတွေကတောင် သူ့ကို ခေါက်ဆွဲပြုတ် ကြွေးတယ် တဲ့ Respect ပါ ဘော်ဒါ အသစ် ကြီး ရေ။ ရောက်တဲ့ဘဝမှာ ပျော်ရွှင်ပါစေကွာ။
Cre: santhitsa.net