Loading...
Loading...

လက္က ေျပာျပေသာ မိမိရဲ႕ က်န္းမာေရးအေျခအေန အေၾကာင္း သိေကာင္းစရာ

လက္က ေျပာျပေသာ မိမိရဲ႕ က်န္းမာေရးအေျခအေန အေၾကာင္း သိေကာင္းစရာ

လက္က ေျပာျပေသာ မိမိရဲ႕ က်န္းမာေရးအေျခအေန အေၾကာင္း သိေကာင္းစရာ

ခႏၶာကိုယ္တြင္း အဂၤါေတြရဲ႕ က်န္းမာေရး အေျခအေနကို ကိုယ္ကိုယ္တိုင္ ခန႔္မွန္းလို႔ ရပါတယ္ ။ အေသးစိတ္ တိတိက်က် မဟုတ္ေပမယ့္ ကိုယ္ ဘာျဖစ္ေနသလဲဆိုတာ အၾကမ္းဖ်င္း ခန႔္မွန္းၿပီး စစ္ေဆးကုသမႈ ခံယူဖို႔ လိုေနသလား ဆိုတာ သိႏိုင္ပါတယ္ ။ ဒါေၾကာင့္ လက္ဝါးေတြကိုၾကည့္ၿပီး ခႏၶာကိုယ္ အတြင္းက ကလီစာ ေတြရဲ႕ က်န္းမာေရး အေျခအေနကို စစ္ေဆးၾကည့္လိုက္ရေအာင္ ။

( ၁ ) လက္ဝါးေတြ နီရဲေနရင္

လက္ဝါးေတြ နီရဲေနတာက အသည္းမွာ ျပႆနာ တစ္ခုခု ရွိေနလို႔ ျဖစ္ႏိုင္တာေၾကာင့္ အျပင္စာေတြ စားတာနဲ႔ အရက္ေသာက္ တာကို ဆင္ျခင္ၿပီး က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့ အစားအ ေသာက္ေတြကို စားေပး သင့္ပါတယ္ ။

( ၂ ) လက္ဝါးက အၿမဲေခြၽးထြက္ေနရင္

လက္ဝါးက ေခြၽးေတြ အၿမဲ ထြက္ေနတာက စိတ္ဖိစီးမႈ ေတြ အရမ္းမ်ား ေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္ ။ မနက္ေစာေစာ ထၿပီး အသက္ရွဴ ေလ့က်င့္ခန္း လုပ္တာမ်ိဳး၊ သဘာဝ ျမင္ကြင္းေတြ ရွိတဲ့ ေနရာကို ခရီးတို ေလးေတြ သြားတာမ်ိဳးနဲ႔ ေအးေဆးၿပီး ခ်ိဳသာတဲ့ ဂီတသံ ေလးေတြကို နားေထာင္ သင့္ပါတယ္ ။

( ၃ ) လက္ေတြထုံေနတတ္ရင္

အ ေၾကာင္းမဲ့ လက္ေတြ မၾကာခဏ ထုံက်င္ေနတာမ်ိဳး ျဖစ္တာက ေသြးအားနည္း ေရာဂါ၊ ဆီးခ်ိဳ ေရာဂါနဲ႔ အာ႐ုံေၾကာဆိုင္ရာ ေရာဂါေတြ ျဖစ္ႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ ေသခ်ာျပၿပီး စစ္ေဆး ကုသမႈ ခံယူ သင့္ပါတယ္ ။

( ၄ ) လက္ေတြ အၿမဲ ေျခာက္ေသြ႕ေနရင္

လက္ေတြ အၿမဲ ေျခာက္ေသြ႕ ေနတာက ခႏၶာကိုယ္ ထဲမွာ ေရဓာတ္ မလုံေလာက္လို႔ ျဖစ္ႏိုင္သလို အီစထ႐ိုဂ်င္ ေဟာ္မုန္း နည္းေနလို႔လည္း ျဖစ္ႏိုင္ပါတယ္ ။ ေရမ်ားမ်ား ေသာက္ၿပီး၊ ငါးႀကီးဆီ၊ အခြံမာသီး ေတြနဲ႔ အ ေစ့အဆန္ေတြ စားေပးဖို႔ လိုပါတယ္ ။

( ၅ ) လက္ေတြတုန္ေနရင္

အေၾကာင္းမဲ့ လက္ေတြ တုန္ေနတာကလည္း ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဆိုင္ရာ ေရာဂါေၾကာင့္ျဖစ္ႏိုင္လို႔ အဲ့လို ျဖစ္ေနရင္ ေကာ္ဖီ ၊ လက္ဘက္ရည္နဲ႔ အရက္ေသာက္တာ ခ်က္ခ်င္း ရပ္ထားၿပီး ဆရာဝန္နဲ႔ ေသခ်ာ စစ္ေဆးကုသပါ ။

( ၆ ) လက္သည္းေတြ ကြၽပ္ဆတ္ၿပီး အက္ကြဲလြယ္ေနရင္

လက္သည္းေတြ အားနည္းေနၿပီး အက္ကြဲလြယ္ ၊ က်ိဳးလြယ္ ေနတယ္ဆိုရင္ ခႏၶာကိုယ္ထဲမွာ ဇင့္ ဓာတ္နည္းေနတာေၾကာင့္ ျဖစ္ႏိုင္သလို ၊ ကိုယ္ခံအား သိပ္မေကာင္းဘူးဆိုတဲ့ လကၡဏာလည္း ျဖစ္ပါတယ္ ။ ဒီေတာ့ အေအးမိလြယ္ ၊ ဖ်ားလြယ္ ၊ ကူးစက္ ေရာဂါေတြ ကူးစက္လြယ္တဲ့ အေန အထားမွာ ရွိေနပါတယ္ ။ အုတ္ဂ်ဳံ ၊ အခြံမာသီးနဲ႔ အသားေတြ မ်ားမ်ား စားေပးဖို႔ လိုပါတယ္ ။

( ၇ ) လက္ေခ်ာင္းထိပ္ေတြ တင္းပုတ္လိုျဖစ္ေနရင္

နဂိုက သူမ်ားေတြလို သာမန္ လက္ေခ်ာင္းေတြပဲ ျဖစ္ၿပီး အခုေနာက္ပိုင္းမွ လက္ေခ်ာင္းထိပ္ေတြက တင္းပုတ္လို ႀကီးလာၿပီး အဆစ္ေနရာေတြ ေရာင္ေနသလို ျဖစ္ေနရင္ အဆုတ္ ၊ ႏွလုံးတို႔နဲ႔ ပတ္သက္တဲ့ ေရာဂါ ႀကီးႀကီးမားမား ျဖစ္ေနႏိုင္ပါတယ္ ။ ဒါေၾကာင့္ ဒီလို ျဖစ္ေနရင္ ဆရာဝန္နဲ႔ စစ္ေဆး ကုသမႈခံယူဖို႔ အေရးတႀကီး လိုအပ္ေနပါၿပီ ။

MAY THAZINHTOO

Unicode

လက်က ပြောပြသော မိမိရဲ့ ကျန်းမာရေးအခြေအနေ အကြောင်း သိကောင်းစရာ

ခန္ဓာကိုယ်တွင်း အင်္ဂါတွေရဲ့ ကျန်းမာရေး အခြေအနေကို ကိုယ်ကိုယ်တိုင် ခန့်မှန်းလို့ ရပါတယ် ။ အသေးစိတ် တိတိကျကျ မဟုတ်ပေမယ့် ကိုယ် ဘာဖြစ်နေသလဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းပြီး စစ်ဆေးကုသမှု ခံယူဖို့ လိုနေသလား ဆိုတာ သိနိုင်ပါတယ် ။ ဒါကြောင့် လက်ဝါးတွေကိုကြည့်ပြီး ခန္ဓာကိုယ် အတွင်းက ကလီစာ တွေရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးကြည့်လိုက်ရအောင် ။

( ၁ ) လက်ဝါးတွေ နီရဲနေရင်

လက်ဝါးတွေ နီရဲနေတာက အသည်းမှာ ပြဿနာ တစ်ခုခု ရှိနေလို့ ဖြစ်နိုင်တာကြောင့် အပြင်စာတွေ စားတာနဲ့ အရက်သောက် တာကို ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအ သောက်တွေကို စားပေး သင့်ပါတယ် ။

( ၂ ) လက်ဝါးက အမြဲချွေးထွက်နေရင်

လက်ဝါးက ချွေးတွေ အမြဲ ထွက်နေတာက စိတ်ဖိစီးမှု တွေ အရမ်းများ နေတာကြောင့် ဖြစ်နိုင်ပါတယ် ။ မနက်စောစော ထပြီး အသက်ရှူ လေ့ကျင့်ခန်း လုပ်တာမျိုး၊ သဘာဝ မြင်ကွင်းတွေ ရှိတဲ့ နေရာကို ခရီးတို လေးတွေ သွားတာမျိုးနဲ့ အေးဆေးပြီး ချိုသာတဲ့ ဂီတသံ လေးတွေကို နားထောင် သင့်ပါတယ် ။

( ၃ ) လက်တွေထုံနေတတ်ရင်

အ ကြောင်းမဲ့ လက်တွေ မကြာခဏ ထုံကျင်နေတာမျိုး ဖြစ်တာက သွေးအားနည်း ရောဂါ၊ ဆီးချို ရောဂါနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေး ကုသမှု ခံယူ သင့်ပါတယ် ။

( ၄ ) လက်တွေ အမြဲ ခြောက်သွေ့နေရင်

လက်တွေ အမြဲ ခြောက်သွေ့ နေတာက ခန္ဓာကိုယ် ထဲမှာ ရေဓာတ် မလုံလောက်လို့ ဖြစ်နိုင်သလို အီစထရိုဂျင် ဟော်မုန်း နည်းနေလို့လည်း ဖြစ်နိုင်ပါတယ် ။ ရေများများ သောက်ပြီး၊ ငါးကြီးဆီ၊ အခွံမာသီး တွေနဲ့ အ စေ့အဆန်တွေ စားပေးဖို့ လိုပါတယ် ။

( ၅ ) လက်တွေတုန်နေရင်

အကြောင်းမဲ့ လက်တွေ တုန်နေတာကလည်း ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါကြောင့်ဖြစ်နိုင်လို့ အဲ့လို ဖြစ်နေရင် ကော်ဖီ ၊ လက်ဘက်ရည်နဲ့ အရက်သောက်တာ ချက်ချင်း ရပ်ထားပြီး ဆရာဝန်နဲ့ သေချာ စစ်ဆေးကုသပါ ။

( ၆ ) လက်သည်းတွေ ကျွပ်ဆတ်ပြီး အက်ကွဲလွယ်နေရင်

လက်သည်းတွေ အားနည်းနေပြီး အက်ကွဲလွယ် ၊ ကျိုးလွယ် နေတယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ဇင့် ဓာတ်နည်းနေတာကြောင့် ဖြစ်နိုင်သလို ၊ ကိုယ်ခံအား သိပ်မကောင်းဘူးဆိုတဲ့ လက္ခဏာလည်း ဖြစ်ပါတယ် ။ ဒီတော့ အအေးမိလွယ် ၊ ဖျားလွယ် ၊ ကူးစက် ရောဂါတွေ ကူးစက်လွယ်တဲ့ အနေ အထားမှာ ရှိနေပါတယ် ။ အုတ်ဂျုံ ၊ အခွံမာသီးနဲ့ အသားတွေ များများ စားပေးဖို့ လိုပါတယ် ။

( ၇ ) လက်ချောင်းထိပ်တွေ တင်းပုတ်လိုဖြစ်နေရင်

နဂိုက သူများတွေလို သာမန် လက်ချောင်းတွေပဲ ဖြစ်ပြီး အခုနောက်ပိုင်းမှ လက်ချောင်းထိပ်တွေက တင်းပုတ်လို ကြီးလာပြီး အဆစ်နေရာတွေ ရောင်နေသလို ဖြစ်နေရင် အဆုတ် ၊ နှလုံးတို့နဲ့ ပတ်သက်တဲ့ ရောဂါ ကြီးကြီးမားမား ဖြစ်နေနိုင်ပါတယ် ။ ဒါကြောင့် ဒီလို ဖြစ်နေရင် ဆရာဝန်နဲ့ စစ်ဆေး ကုသမှုခံယူဖို့ အရေးတကြီး လိုအပ်နေပါပြီ ။