Loading...
Loading...

အေမဆားခ်က္္္ေနေပသည္္

အ​ေမဝ ဆားခ်က္​​ေနသည္​္ (သို႔မဟုတ္​) တိမ္​ျမႇ ုပ္​​ေပ်ာက္​ကြယ္​​ေတာ့မည္​့ ျမန္​မာ့ရုိးရာ​ေက်းလက္​ဆားခ်က္​လုပ္​ငန္​း္

​သူ႔နာမည္​က ​`ေဒၚဝဝ´

ခ်စ္​စနိုးနဲ႔ က်ပ္​ျပည္​့႐ြာတစ္​႐ြာလုံးက `အ​ေမဝ´၊`ဝဝ´လို႔ ​ေခၚၾကပါတယ္​….။

ကံဇာတာမ်က္​နွာသာေၾကာင္​့ ခႏၶာကိုယ္​မဝ​ေပမယ္​့ က်တ္​ျပည္​့႐ြာအနီးတစ္​ဝိုက္​မွာ​ေတာ့ အ​ေမဝကို မသိတဲ့သူရယ္​လို႔ မရွိပါဘူး။ သ​ေဘာထား​ေကာင္​းၿပီး အစဥ္​ျပဳံးခ်ိဳ​ေနတဲ့မ်က္​နွာထား​ေၾကာင္​့ အ​ေမဝကို ႐ြာထဲက က​ေလး၊လူႀကီးသာမက ​ေဘး႐ြာ​ေတြကပါ ခ်စ္​ခင္​​ၾကပါတယ္​။ အသက္​(၆၀)​ေက်ာ္​အ႐ြယ္​ရွိ​ေပမယ္​့ အ​ေမဝက သြက္​လက္​ခ်က္​ခ်ာတုန္​းရွိၿပီး ​ေတာလုပ္​​ေတာကိုင္္​​ေတြကို ခုခ်ိန္​ထိလုပ္​နိုင္​ကိုင္​နိုင္​တုန္​းပါပဲ။ အ​ေမဝမွာ လင္​သား၊သားသမီး​ေတြရွိ​ေပမယ္​့ သူငယ္​စဥ္​ကတည္​းက လုပ္​ခဲ့တဲ့ ဆားခ်က္​လုပ္​ငန္​းကို ခုုအခ်ိန္​အထိ မပ်င္​းမရိပဲ လုပ္​ကိုင္​ေနဆဲပါ။

ဆားခ်က္​လုပ္​ငန္​းဆိုလို႔ ​ေျပာရအုံးမယ္​…..။ အ​ေမဝတို႔႐ြာက ခုမွ ကတၱရာလမ္​းႀကီး​ျဖစ္​၊ ​ေက်ာင္​း​ေတြပြင္​့၊ လွ်ပ္​စစ္​မီး​ေတြလင္​း၊ တိုက္​နယ္​​ေဆးရုံႀကီးရနဲ႔ တိုးတက္​လာတာ။ အရင္​ကမ်ားဆို အ​ေမဝတို႔တစ္​နယ္​လုံး ​​​တစ္​ျခားနယ္​​ေတြနဲ႔ယွဥ္​ၾကည္​့ရင္​ ေအာက္​က်​ေနာက္​က် ဘိတ္​​ေခ်းက​ေပါ့။ ​ေသာက္​ဖို႔ေရ​ေတာင္​ ငံလြန္​းလို႔ မိုး​ေရ၊ကန္​​ေရကိုပဲ သုံးခဲ့ရတာ။ အလုပ္​ဆိုတာက​ေတာ့ ​ေယာကၤ်ားထန္​းတက္​၊ မိန္​းမ ဆားခ်က္​ပဲ။ မိုးနည္​းပါးတဲ့နယ္​​ေျမမွာ လူျဖစ္​လာရ​ေတာ့လည္​း `ကန္​​ေရ​ေသာက္​ ျမက္​​ေျခာက္​စား´လို႔ တစ္​နယ္​တစ္​​ေက်း​သားေတြရဲ႕ မစာနာပဲ အနွိမ္​အ​ေျပာခံရတာက မထူးဆန္​ပါဘူး။ ​ေယာကၤ်ားသားဆို ကုန္​း​ေခါင္​​ေခါင္​ ငုံး​ေထာင္​​ေကြၽးမယ္​့လင္​သားရရင္​ပဲ အရ​ေတာ္​ၿပီမွတ္​။ မိန္​းမသားဆိုရင္​လည္​း ငယ္​ငယ္​ကတည္​းက ​ေတာင္​းရက္​၊ ဆားခ်က္​နဲ႔ အကြၽမ္​းဝင္​​ေအာင္​သင္​ထားရတယ္​။ အ​ေမဝ​ေရာ ငယ္​ငယ္​ကတည္​းက ဒီအလုပ​္​​ေတြကို ကြၽမ္​းက်င္​ၿပီးသား….။

တစ္​ခု​ေတာ့ရွိတယ္​…အရင္​တုန္​းက ဆားခ်က္​လုပ္​ငန္​းကို အ​ေမဝတို႔ က်ပ္​ျပည္​့တစ္​႐ြာလုံးအျပင္​ ဒီအနီးနားက ဆုံကုန္​း၊ အုန္​း​ေတာ၊ ​အ​ေနာက္​ကုန္​း စတဲ့႐ြာ​ေတြကပါ ႐ြာနားက​သဲ​ေခ်ာင္​း​ေတြတစ္​​ေလ်ာက္​ ႐ြာလုံးကြၽတ္​​နီးပါး​ေတြလုပ္​ကိုင္​ခဲ့ၾကတာ​။ အစိုးရက​ေတာင္​ ​ေနလွမ္​းဆားလာလုပ္​တဲ့အထိပါပဲ။ ခုအခါမွာ​ေတာ့ ႐ြာဆရာ​ေတာ္​ဘုရား​ေက်းဇူး၊ အန္ ဂ်ီအိုအဖြဲ႕အစည္​း​ေတြ​ေက်းဇူး​ေၾကာင္​့ ႐ြာ​ေလးက​ေခတ္​မီွတိုးတက္​လာ​ၿပီး အပင္​ပန္းခံလို႔ ဒီဆားခ်က္​တဲ့အလုပ္​ကို ႐ြာကလူ​ေတြ မလုပ္​ၾက​ေတာ့ပါဘူး။ ခုဆို….အ​ေမဝနဲ႔ အ​ေနာက္​ဘက္​္ဆုံကုန္​း႐ြာက နွစ္​ဦးသုံးဦးကလြဲလို႔ ဒီနယ္​တစ္​ဝိုက္​မွာ အရင္​ကလို ဆားခ်က္​လုပ္​ငန္​းလုပ္​ကိုင္​တဲ့သူဆိုတာ မရွိ​ေတာ့ပါဘူး။

ဘယ္​သူမလုပ္​လုပ္​ ဆားခ်က္​တဲ့ဒီအလုပ္​အ​ေပၚ သံ​ေယာဇဥ္​ႀကီးလြန္​းတဲ့ အ​ေမဝက​ေတာ့ ရာသက္​ပန္​ ျမတ္​ျမတ္​နိုးနိုး လုပ္​​ေနမွာပါပဲတဲ့။ ဆားခ်က္​တဲ့အလုပ္​က ပင္​ပန္​းတယ္​ထင္​ရ​ေပမယ္​့ အ​ေမဝ​ေျပာသလိုဆို စိတ္​ဝင္​စားစရာ​ေတာ့ အ​ေကာင္​းသား…..။

မနက္​​ေစာ​ေစာအိမ္​ရာကထၿပီး ​ထန္​း​ေခါက္​ေတာင္​း၊ ဆိုင္​ထမ္​းပုံးယူကာ ဆား​ေပါက္​​ေျမရွိရာ တစ္​မိုင္​​ေလာက္​​ေဝးတဲ့ ႐ြာအ​ေရွ႕ထဲက ကူ​​ေခ်ာင္​းဆီကို ေျခခ်င္​သြားရတာက အ​ေမဝအတြက္​ ​ေန႔စဥ္​ က်န္​းမာ​ေရ​းေလ့က်င္​့ခန္​း​ ျဖစ္​လို႔​ေနပါတယ္​။ စိမ္​့​ေရထိုး​ေနတဲ့ သဲ​ေခ်ာင္​းျပင္​က်ယ္​အစပ္​က အထက္​​ေအာက္​ စစ္​အိုး၊ ခံအိုး ​ေလးငါး​ေျခာက္​လုံးတန္​းထားတဲ့​ေနရာ​ေလးက ​အ​ေမဝရဲ႕ ယာယီလုပ္​ငန္​းခြင္​​ေန​ရာ​ေပါ့။

အလုပ္​ခြင္​​ေရာက္​တာနဲ႔ ဆိုင္​းထမ္​းကိုခ်ၿပီး အ​ေမဝ စ,လုပ္​ရတာက ထန္​း​ေခါက္​​ေတာင္​းယူကာ ကုန္​းခမူ​ေတြတစ္​ေၾကာ၊ သဲ​ေခ်ာင္​းတစ္​​ေလ်ာက္​က ​ဆား​ေပါက္​ေျမသား​ေတြကို ယက္​ပက္​တစ္​​ေခ်ာင္​းနဲ႔ လိုက္​ျခစ္​ယူရတာပါပဲ။ ဆား​ေပါက္​​ေျမဆိုလို႔ လွ်ာနဲ႔တို႔ၾကည္​့တိုင္​း အငံခ်ည္​း​ေတာ့ မထင္​မွတ္လိုက္​​နဲ႔အုံး။ တစ္​ခ်ိဳ႕ဆား​ေပါက္​​ေျမ​ေတြက အငံထက္​ အခါးဓာတ္​ကဲ​ေနတတ္​တယ္​။ အခါးက​ေရာ ဆားခ်က္​တဲ့​ေနရာမွာ သုံးခ်ိဳးတစ္​ခ်ိဳး​ေလာက္​ သူပါမွ ဆားပြင့္​ေပါက္​လွတာမို႔ ဆားခါး​ေပါက္​တဲ့​ေနရာကို သီးသန္​႔ရွာၿပီး ျခစ္​ယူထားရ​ေသးတယ္​။ ၿပီးမွ အငံ​ေျမနဲ႔​ေရာ​ေပါင္​း​ေပါင္​း၊ အခါးသက္​သက္​ဆားရည္​စစ္ၿပီးစု​ၿပီးမွ ​ေရာ​ခ်က္​ခ်က္​​ေပါ့။ ယက္​ပက္​နဲ႔ျခစ္လို႔​ရလာသမွ် ဆား​ေပါက္​​ေျမသား​ေတြကို ​​ထန္​း​ေခါက္​​​ေတာင္​း​ေခါင္​း႐ြက္​လို႔ ဆားငံရည္​စုမယ္​့အနား သြားပုံထားရပါတယ္​။ ​ဆားငံ​ေရစစ္​ရင္​, စုရင္​ ​ေအာက္​ခံသဲၾကမ္​းခင္​းထည္​့ဖို႔အတြက္​က ​ေက်ာက္​ခဲျဖဳတ္​သလဲၾကမ္​းကလည္​း အသင္​့ရွာထားရ​ေသးတယ္​။

အားလုံးအစဥ္​သင္​့ျဖစ္​ရင္​​ေတာ့ ဆားငံ​ေရစုတဲ့အလုပ္​ အ​ေမဝ စ​ေတာ့မယ္​​ေပါ့။ အရင္​ဆုံး မ​ေန႔ကဆားငံ​ေရစစ္​ထားခဲ့တဲ့ ​ေျမစာေတြကို အ​ေပၚအိုး​ေတြထဲက စြန္​႔ပစ္​။ ​ၿပီးရင္​ အိုး​ေအာက္​မွာ​ေဖာက္​ထားတဲ့အ​ေပါက္​ကို ​ေျမသားပါမသြား​ေအာင္​ အိုးၾကမ္​းကြဲနဲ႔ပိတ္​။ ​ေနာက္​, ​ေရဆင္​း​ေကာင္​း​ေအာင္​ သဲၾကမ္​းခင္​း။ ဒီ​ေနာက္​, အသင္​့ပုံထားတဲ့ဆား​ေပါက္​​ေျမသား​ေတြကို အိုး​ေတြထဲမွာထည္​့။ ၿပီးရင္​ အနားက စိမ္​့​ေရထိုး​ေနတဲ့​ေခ်ာင္​း​ေရကို က်င္​းဖြဲ႕ယူၿပီး အိုးထဲထည္​့​ေလာင္​း​ေပး။ ဒီအခါမွာ ဆားငံ​ေရ​ေတြက ​ေအာက္​က ခံအိုးထဲဆီကို တစ္​စိမ္​့စိမ္​့နဲ႔က်ဆင္​းလာပါတယ္​။

​ေအာက္​ခံအိုးထဲ ဆားငံ​ေရ​ေတြျပည္​့လာရင္္​​ အ​ေမဝအ​ေနနဲ႔ ဒီခံအိုးထဲက​အငံေရကိုျပန္​ယူၿပီး တစ္​ႀကိမ္​အ​ေပၚအိုးထဲ ျပန္​​ေလာင္​းထည္​့​ေပးရပါတယ္​။ ဆားအငံဓာတ္​ပိုပါလာ​ေအာင္​​ေပါ့။ ​ေနာက္​တစ္​ႀကိမ္​ဆားငံ​ေရျပည္​့လာရင္​​ေတာ့ အ္ိမ္​ကယူလာတဲ့​ေရပုံးထဲကို ​ေလာင္​းထည္​့စု​ေဆာင္​း​ရုံပါပဲ။ ဆားငံ​ေရ တစ္​ဆိုင္​ထမ္​းရလာရင္​​ အ​ေမ​ဝအတြက္​​ ဒီတစ္​​ေန႔တာ ဆားခ်က္​ဖို႔အတြက္​ ဆားငံ​ေရစုတာ လုံ​ေလာက္​သြားပါၿပီ။ ဒါ​ေပမယ္​့ အလုပ္​​္ေလာဘႀကီးတဲ့အ​ေမဝက​ေတာ့ ​ေနာက္​​ေန႔အတြက္​ ဆာငံ​ေရစုတာ လုပ္​ထားခဲ့ရုံသာမက ဆား​ေပါက္​​ေျမတစ္​ခ်ိဳ႕တစ္​ဝက္​ကို ​ဦ​ေခါင္​းထက္​႐ြက္​ၿပီး ပုခုံးတစ္​ဘက္​မွာ ဆိုင္​ထမ္​းကိုထမ္​းလို႔ ​ေနမပူခင္​ ႐ြာဘက္​ဆီကို အ​ေသာ့နွင္​ခဲ့ပါတယ္​။

အ​ေမဝတစ္​​ေယာက္​ ႐ြာဝင္​လို႔အိမ္​ျပန္​​ေရာက္​ရင္​​ အ​ေမ​ာေျပခဏနားကာ မနက္​စာ​ေနခင္​းစာ​ ထမင္​း​ေပါင္​းစားလိုက္​ပါတယ္​။ ထမင္​းစားၿပီးရင္​​ေတာ့ မီးဖို​ေခ်ာင္​ဘက္​က ဆားခ်က္​ဖိိုဆီသြားလို႔ ဆိုင္​းထမ္​းထဲကဆားငံ​ေရ​ေတြကို မိုးၿပဲဒယ္​နွစ္​လုံးထဲထည္​့ပါတယ္​။ ထန္​းစစ္​မိႈက္​မီး​ေမႊးကာ ​ေပါက္​ခြာထိုးထည္​့ၿပီး ဆားခ်က္​တဲ့အလုပ္​ကို စ,ရျပန္​ပါတယ္​။ အ​ေငြ႕ပ်ံလို႔ ​ေရ​ေလ်ာ့သြားရင္္​ ဆားငံ​ေရထပ္​ျဖည္​့​ေပးရသလို ​ေအာက္​ကထင္​းမီးကလည္​း ၃/၄နာရီအထိမျပတ္​​ေအာင္​ ခပ္​ျပင္​းျပင္​းထည္ ့ေပးရပါတယ္​။ ထင္​းက​ေတာ့အကုန္​သား…။ အ​ေမဝတို႔႐ြာတစ္​ဝိုက္​မွာက ထန္​း၊ ကႏၲာရသား​ေပါလို႔သာ ​ေတာ္​​ေရာ့တယ္​။ ္

ဆားခ်က္​အလုပ္​ပင္​ပန္​းတယ္​ဆိုတာ တကယ္​က မီးဖိုနားမွာ မီးပူအဟတ္​ခံရလို႔ပါ။ အ​ေမဝက​ေတာ့ မီးပူသက္​သာ​ေအာင္​ တစ္​ဖက္​က မီးၾကည့္​ထိုးရင္​း တစ္​ဘက္​က ​ေခ်ာင္​းက​ေန အပိုသယ္​လာတဲ့ ဆား​ေပါက္​​ေျမ​ေတြကို ဆားရည္​စု​ေပါ့။ ​၄နာရီ​ေလာက္​ၾကာလာရင္​​ ဆားငံ​ေရ​ေရာ အ​ေတာ္​ခန္​းလာၿပီမို႔ မီးရွိန္​​ေလ်ာ့ၿပီး ခပ္​​ေအး​ေအးပဲ မီး​ေပးရပါ​ေတာ့တယ္​။ ခဏ​ေန ဆားပြင္​့က်လာၿပီး မီးဖိုကဒယ္​ခ်လိုက္​ရုံပါပဲ။ ခဏအ​ေအးခံၿပီး ရလာတဲ့ဆား​ေတြကို ခံ​ေတာင္​းထဲ ​လွယ္​ထည္​့ၿပီးရင္​​ အ​ေမဝအတြက္​ ဒီတစ္​​ေန႔တာ ဆားခ်က္​တဲ့အလုပ္​က ၿပီးဆုံးသြားပါၿပီ။ တစ္​ည​ေနလုံး ​ေအး​ေအးလူလူ အနားယူရုံပါပဲ။

ဆားအ​ထြက္​က​ေတာ့ အ​ေမဝအဖို႔ တစ္​​ေန႔ ၅ပိႆာက​ေန ၇/၈ပိႆာအထိ ခ်က္္​,ခ်က္​နိုင္​သလို ထြက္​နိုင္​ပါတယ္​။ ​ေလာ​ေလာဆယ္​ဆား​ေစ်းက တစ္​ပိႆာ ၁၀၀၀ – ၁၁၀၀ ​​ေလာက္​ရတာဆို​ေတာ့ အ​ေမဝ​ေန႔တြက္​က ဘာပဲျဖစ္​ျဖစ္​ကိုက္​ၿပီးသားပါ…။ ဆားေရာင္​းထြက္​ဖို႔အတြက္​လား…?၊ အ​ေမဝက က်န္​တဲ့​ေစ်းသည္​​ေတြလို ႐ြာစဥ္​လွည္​့ ​ေရာင္​းစရာမလိုဘူး။ ဆားပြြင္​့လွတဲ့ အ​ေမဝဆားကိုမွ ႀကိဳက္​တာဆိုတဲ့ ကိုယ္​့႐ြာထဲက ႀကိဳမွာထားၾကတဲ့သူ​ေတြကို​ေတာင္​ အလ်င္​မီွ​ေအာင္​ မနည္​းလုပ္​္​​ေပး​ေနရတယ​္​​ေလ။ ဒီ​ေတာ့ ​႐ြာဆားေစ်းကြက္​မွာ ၿပိဳင္​ဘက္​မရွိတဲ့ အ​ေမဝရဲ႕ဝါသနာပါရာဆားခ်က္​အလုပ္​က ကံမ်က္​နွာ​သာ,ရေနလ်က္​ပါပဲ။ အ​ေမဝက​ေတာ့ ရွင္​းတယ္​။ သူ႔ခ်စ္​ျမတ္​နိုးတဲ့ ဒီဆားခ်က္​အလုပ္​ကို ဘယ္​​ေလာက္​ပင္​ပန္​းပင္​ပန္​း၊ ဆား​ေစ်းဘယ္​​ေလာက္​ရ,ရ မ,ရရ မ​ေသခင္​အခ်ိန္​အထိ​​ေတာ့ တစ္​ရက္​မပ်က္​, ေရွ႕ဆက္​ဆားခ်က္​​ေနအုံးမွာပါတဲ့ခင္​ဗ်ား…….။

​ေၾသာ္​…ခုခ်ိန္​ဆိို…အ​ေမဝတစ္​​ေယာက္​….ဆားခ်က္​​ေန​ေရာ႕မယ္​ခင္​ဗ်ာ…….။ ။

(ဆားခ်က္​လုပ္​ငန္​းနဲ႔ပတ္​သတ္​ၿပီး အ​ေသးစိပ္​ရွင္​းလင္​း​ေျပာျပ၊​ေရးခြင္​့ျပဳ​ေပးတဲ့ ပခုကၠဴၿမိဳ႕နယ္​၊က်ပ္​​ျပည္​့႐ြာမွ အ​ေမဝနဲ႔ ကူ​ေခ်ာင္​းကို တကူတက လိိုက္​ပို႔​ေပးတဲ့ သူငယ္​ခ်င္​း ကိုခ်စ္​မင္​း၊ ကိုတင္​ထြန္​း​ေအာင္​တို႔ကို ​ေက်းဇူးအထူးတင္​ရွိလ်က္​…)

သြြားပါမ်ား က်တ္​ျပည္​့​ေရာက္​္

Copy from..တင္​နိုင္​လင္​း

Unicode

အ​မေဝ ဆားချက်​​နေသည်​် (သို့မဟုတ်​) တိမ်​မြှ ုပ်​​ပျောက်​ကွယ်​​တော့မည်​့ မြန်​မာ့ရိုးရာ​ကျေးလက်​ဆားချက်​လုပ်​ငန်​း်

​သူ့နာမည်​က ​`ဒေါ်ဝဝ´

ချစ်​စနိုးနဲ့ ကျပ်​ပြည်​့ရွာတစ်​ရွာလုံးက `အ​မေဝ´၊`ဝဝ´လို့ ​ခေါ်ကြပါတယ်​….။

ကံဇာတာမျက်​နှာသာကြောင်​့ ခန္ဓာကိုယ်​မဝ​ပေမယ်​့ ကျတ်​ပြည်​့ရွာအနီးတစ်​ဝိုက်​မှာ​တော့ အ​မေဝကို မသိတဲ့သူရယ်​လို့ မရှိပါဘူး။ သ​ဘောထား​ကောင်​းပြီး အစဉ်​ပြုံးချို​နေတဲ့မျက်​နှာထား​ကြောင်​့ အ​မေဝကို ရွာထဲက က​လေး၊လူကြီးသာမက ​ဘေးရွာ​တွေကပါ ချစ်​ခင်​​ကြပါတယ်​။ အသက်​(၆၀)​ကျော်​အရွယ်​ရှိ​ပေမယ်​့ အ​မေဝက သွက်​လက်​ချက်​ချာတုန်​းရှိပြီး ​တောလုပ်​​တောကိုင််​​တွေကို ခုချိန်​ထိလုပ်​နိုင်​ကိုင်​နိုင်​တုန်​းပါပဲ။ အ​မေဝမှာ လင်​သား၊သားသမီး​တွေရှိ​ပေမယ်​့ သူငယ်​စဉ်​ကတည်​းက လုပ်​ခဲ့တဲ့ ဆားချက်​လုပ်​ငန်​းကို ခုုအချိန်​အထိ မပျင်​းမရိပဲ လုပ်​ကိုင်​နေဆဲပါ။

ဆားချက်​လုပ်​ငန်​းဆိုလို့ ​ပြောရအုံးမယ်​…..။ အ​မေဝတို့ရွာက ခုမှ ကတ္တရာလမ်​းကြီး​ဖြစ်​၊ ​ကျောင်​း​တွေပွင်​့၊ လျှပ်​စစ်​မီး​တွေလင်​း၊ တိုက်​နယ်​​ဆေးရုံကြီးရနဲ့ တိုးတက်​လာတာ။ အရင်​ကများဆို အ​မေဝတို့တစ်​နယ်​လုံး ​​​တစ်​ခြားနယ်​​တွေနဲ့ယှဉ်​ကြည်​့ရင်​ အောက်​ကျ​နောက်​ကျ ဘိတ်​​ချေးက​ပေါ့။ ​သောက်​ဖို့ရေ​တောင်​ ငံလွန်​းလို့ မိုး​ရေ၊ကန်​​ရေကိုပဲ သုံးခဲ့ရတာ။ အလုပ်​ဆိုတာက​တော့ ​ယောင်္ကျားထန်​းတက်​၊ မိန်​းမ ဆားချက်​ပဲ။ မိုးနည်​းပါးတဲ့နယ်​​မြေမှာ လူဖြစ်​လာရ​တော့လည်​း `ကန်​​ရေ​သောက်​ မြက်​​ခြောက်​စား´လို့ တစ်​နယ်​တစ်​​ကျေး​သားတွေရဲ့ မစာနာပဲ အနှိမ်​အ​ပြောခံရတာက မထူးဆန်​ပါဘူး။ ​ယောင်္ကျားသားဆို ကုန်​း​ခေါင်​​ခေါင်​ ငုံး​ထောင်​​ကျွေးမယ်​့လင်​သားရရင်​ပဲ အရ​တော်​ပြီမှတ်​။ မိန်​းမသားဆိုရင်​လည်​း ငယ်​ငယ်​ကတည်​းက ​တောင်​းရက်​၊ ဆားချက်​နဲ့ အကျွမ်​းဝင်​​အောင်​သင်​ထားရတယ်​။ အ​မေဝ​ရော ငယ်​ငယ်​ကတည်​းက ဒီအလုပ​်​​တွေကို ကျွမ်​းကျင်​ပြီးသား….။

တစ်​ခု​တော့ရှိတယ်​…အရင်​တုန်​းက ဆားချက်​လုပ်​ငန်​းကို အ​မေဝတို့ ကျပ်​ပြည်​့တစ်​ရွာလုံးအပြင်​ ဒီအနီးနားက ဆုံကုန်​း၊ အုန်​း​တော၊ ​အ​နောက်​ကုန်​း စတဲ့ရွာ​တွေကပါ ရွာနားက​သဲ​ချောင်​း​တွေတစ်​​လျောက်​ ရွာလုံးကျွတ်​​နီးပါး​တွေလုပ်​ကိုင်​ခဲ့ကြတာ​။ အစိုးရက​တောင်​ ​နေလှမ်​းဆားလာလုပ်​တဲ့အထိပါပဲ။ ခုအခါမှာ​တော့ ရွာဆရာ​တော်​ဘုရား​ကျေးဇူး၊ အန် ဂျီအိုအဖွဲ့အစည်​း​တွေ​ကျေးဇူး​ကြောင်​့ ရွာ​လေးက​ခေတ်​မှီတိုးတက်​လာ​ပြီး အပင်​ပန်းခံလို့ ဒီဆားချက်​တဲ့အလုပ်​ကို ရွာကလူ​တွေ မလုပ်​ကြ​တော့ပါဘူး။ ခုဆို….အ​မေဝနဲ့ အ​နောက်​ဘက်​်ဆုံကုန်​းရွာက နှစ်​ဦးသုံးဦးကလွဲလို့ ဒီနယ်​တစ်​ဝိုက်​မှာ အရင်​ကလို ဆားချက်​လုပ်​ငန်​းလုပ်​ကိုင်​တဲ့သူဆိုတာ မရှိ​တော့ပါဘူး။

ဘယ်​သူမလုပ်​လုပ်​ ဆားချက်​တဲ့ဒီအလုပ်​အ​ပေါ် သံ​ယောဇဉ်​ကြီးလွန်​းတဲ့ အ​မေဝက​တော့ ရာသက်​ပန်​ မြတ်​မြတ်​နိုးနိုး လုပ်​​နေမှာပါပဲတဲ့။ ဆားချက်​တဲ့အလုပ်​က ပင်​ပန်​းတယ်​ထင်​ရ​ပေမယ်​့ အ​မေဝ​ပြောသလိုဆို စိတ်​ဝင်​စားစရာ​တော့ အ​ကောင်​းသား…..။

မနက်​​စော​စောအိမ်​ရာကထပြီး ​ထန်​း​ခေါက်​တောင်​း၊ ဆိုင်​ထမ်​းပုံးယူကာ ဆား​ပေါက်​​မြေရှိရာ တစ်​မိုင်​​လောက်​​ဝေးတဲ့ ရွာအ​ရှေ့ထဲက ကူ​​ချောင်​းဆီကို ခြေချင်​သွားရတာက အ​မေဝအတွက်​ ​နေ့စဉ်​ ကျန်​းမာ​ရေ​းလေ့ကျင်​့ခန်​း​ ဖြစ်​လို့​နေပါတယ်​။ စိမ်​့​ရေထိုး​နေတဲ့ သဲ​ချောင်​းပြင်​ကျယ်​အစပ်​က အထက်​​အောက်​ စစ်​အိုး၊ ခံအိုး ​လေးငါး​ခြောက်​လုံးတန်​းထားတဲ့​နေရာ​လေးက ​အ​မေဝရဲ့ ယာယီလုပ်​ငန်​းခွင်​​နေ​ရာ​ပေါ့။

အလုပ်​ခွင်​​ရောက်​တာနဲ့ ဆိုင်​းထမ်​းကိုချပြီး အ​မေဝ စ,လုပ်​ရတာက ထန်​း​ခေါက်​​တောင်​းယူကာ ကုန်​းခမူ​တွေတစ်​ကြော၊ သဲ​ချောင်​းတစ်​​လျောက်​က ​ဆား​ပေါက်​မြေသား​တွေကို ယက်​ပက်​တစ်​​ချောင်​းနဲ့ လိုက်​ခြစ်​ယူရတာပါပဲ။ ဆား​ပေါက်​​မြေဆိုလို့ လျှာနဲ့တို့ကြည်​့တိုင်​း အငံချည်​း​တော့ မထင်​မှတ်လိုက်​​နဲ့အုံး။ တစ်​ချို့ဆား​ပေါက်​​မြေ​တွေက အငံထက်​ အခါးဓာတ်​ကဲ​နေတတ်​တယ်​။ အခါးက​ရော ဆားချက်​တဲ့​နေရာမှာ သုံးချိုးတစ်​ချိုး​လောက်​ သူပါမှ ဆားပွင့်​ပေါက်​လှတာမို့ ဆားခါး​ပေါက်​တဲ့​နေရာကို သီးသန်​့ရှာပြီး ခြစ်​ယူထားရ​သေးတယ်​။ ပြီးမှ အငံ​မြေနဲ့​ရော​ပေါင်​း​ပေါင်​း၊ အခါးသက်​သက်​ဆားရည်​စစ်ပြီးစု​ပြီးမှ ​ရော​ချက်​ချက်​​ပေါ့။ ယက်​ပက်​နဲ့ခြစ်လို့​ရလာသမျှ ဆား​ပေါက်​​မြေသား​တွေကို ​​ထန်​း​ခေါက်​​​တောင်​း​ခေါင်​းရွက်​လို့ ဆားငံရည်​စုမယ်​့အနား သွားပုံထားရပါတယ်​။ ​ဆားငံ​ရေစစ်​ရင်​, စုရင်​ ​အောက်​ခံသဲကြမ်​းခင်​းထည်​့ဖို့အတွက်​က ​ကျောက်​ခဲဖြုတ်​သလဲကြမ်​းကလည်​း အသင်​့ရှာထားရ​သေးတယ်​။

အားလုံးအစဉ်​သင်​့ဖြစ်​ရင်​​တော့ ဆားငံ​ရေစုတဲ့အလုပ်​ အ​မေဝ စ​တော့မယ်​​ပေါ့။ အရင်​ဆုံး မ​နေ့ကဆားငံ​ရေစစ်​ထားခဲ့တဲ့ ​မြေစာတွေကို အ​ပေါ်အိုး​တွေထဲက စွန်​့ပစ်​။ ​ပြီးရင်​ အိုး​အောက်​မှာ​ဖောက်​ထားတဲ့အ​ပေါက်​ကို ​မြေသားပါမသွား​အောင်​ အိုးကြမ်​းကွဲနဲ့ပိတ်​။ ​နောက်​, ​ရေဆင်​း​ကောင်​း​အောင်​ သဲကြမ်​းခင်​း။ ဒီ​နောက်​, အသင်​့ပုံထားတဲ့ဆား​ပေါက်​​မြေသား​တွေကို အိုး​တွေထဲမှာထည်​့။ ပြီးရင်​ အနားက စိမ်​့​ရေထိုး​နေတဲ့​ချောင်​း​ရေကို ကျင်​းဖွဲ့ယူပြီး အိုးထဲထည်​့​လောင်​း​ပေး။ ဒီအခါမှာ ဆားငံ​ရေ​တွေက ​အောက်​က ခံအိုးထဲဆီကို တစ်​စိမ်​့စိမ်​့နဲ့ကျဆင်​းလာပါတယ်​။

​အောက်​ခံအိုးထဲ ဆားငံ​ရေ​တွေပြည်​့လာရင််​​ အ​မေဝအ​နေနဲ့ ဒီခံအိုးထဲက​အငံရေကိုပြန်​ယူပြီး တစ်​ကြိမ်​အ​ပေါ်အိုးထဲ ပြန်​​လောင်​းထည်​့​ပေးရပါတယ်​။ ဆားအငံဓာတ်​ပိုပါလာ​အောင်​​ပေါ့။ ​နောက်​တစ်​ကြိမ်​ဆားငံ​ရေပြည်​့လာရင်​​တော့ အ်ိမ်​ကယူလာတဲ့​ရေပုံးထဲကို ​လောင်​းထည်​့စု​ဆောင်​း​ရုံပါပဲ။ ဆားငံ​ရေ တစ်​ဆိုင်​ထမ်​းရလာရင်​​ အ​မေ​ဝအတွက်​​ ဒီတစ်​​နေ့တာ ဆားချက်​ဖို့အတွက်​ ဆားငံ​ရေစုတာ လုံ​လောက်​သွားပါပြီ။ ဒါ​ပေမယ်​့ အလုပ်​​်လောဘကြီးတဲ့အ​မေဝက​တော့ ​နောက်​​နေ့အတွက်​ ဆာငံ​ရေစုတာ လုပ်​ထားခဲ့ရုံသာမက ဆား​ပေါက်​​မြေတစ်​ချို့တစ်​ဝက်​ကို ​ဦ​ခေါင်​းထက်​ရွက်​ပြီး ပုခုံးတစ်​ဘက်​မှာ ဆိုင်​ထမ်​းကိုထမ်​းလို့ ​နေမပူခင်​ ရွာဘက်​ဆီကို အ​သော့နှင်​ခဲ့ပါတယ်​။

အ​မေဝတစ်​​ယောက်​ ရွာဝင်​လို့အိမ်​ပြန်​​ရောက်​ရင်​​ အ​မေ​ာပြေခဏနားကာ မနက်​စာ​နေခင်​းစာ​ ထမင်​း​ပေါင်​းစားလိုက်​ပါတယ်​။ ထမင်​းစားပြီးရင်​​တော့ မီးဖို​ချောင်​ဘက်​က ဆားချက်​ဖိိုဆီသွားလို့ ဆိုင်​းထမ်​းထဲကဆားငံ​ရေ​တွေကို မိုးပြဲဒယ်​နှစ်​လုံးထဲထည်​့ပါတယ်​။ ထန်​းစစ်​မှိုက်​မီး​မွှေးကာ ​ပေါက်​ခွာထိုးထည်​့ပြီး ဆားချက်​တဲ့အလုပ်​ကို စ,ရပြန်​ပါတယ်​။ အ​ငွေ့ပျံလို့ ​ရေ​လျော့သွားရင််​ ဆားငံ​ရေထပ်​ဖြည်​့​ပေးရသလို ​အောက်​ကထင်​းမီးကလည်​း ၃/၄နာရီအထိမပြတ်​​အောင်​ ခပ်​ပြင်​းပြင်​းထည် ့ပေးရပါတယ်​။ ထင်​းက​တော့အကုန်​သား…။ အ​မေဝတို့ရွာတစ်​ဝိုက်​မှာက ထန်​း၊ ကန္တာရသား​ပေါလို့သာ ​တော်​​ရော့တယ်​။ ်

ဆားချက်​အလုပ်​ပင်​ပန်​းတယ်​ဆိုတာ တကယ်​က မီးဖိုနားမှာ မီးပူအဟတ်​ခံရလို့ပါ။ အ​မေဝက​တော့ မီးပူသက်​သာ​အောင်​ တစ်​ဖက်​က မီးကြည့်​ထိုးရင်​း တစ်​ဘက်​က ​ချောင်​းက​နေ အပိုသယ်​လာတဲ့ ဆား​ပေါက်​​မြေ​တွေကို ဆားရည်​စု​ပေါ့။ ​၄နာရီ​လောက်​ကြာလာရင်​​ ဆားငံ​ရေ​ရော အ​တော်​ခန်​းလာပြီမို့ မီးရှိန်​​လျော့ပြီး ခပ်​​အေး​အေးပဲ မီး​ပေးရပါ​တော့တယ်​။ ခဏ​နေ ဆားပွင်​့ကျလာပြီး မီးဖိုကဒယ်​ချလိုက်​ရုံပါပဲ။ ခဏအ​အေးခံပြီး ရလာတဲ့ဆား​တွေကို ခံ​တောင်​းထဲ ​လှယ်​ထည်​့ပြီးရင်​​ အ​မေဝအတွက်​ ဒီတစ်​​နေ့တာ ဆားချက်​တဲ့အလုပ်​က ပြီးဆုံးသွားပါပြီ။ တစ်​ည​နေလုံး ​အေး​အေးလူလူ အနားယူရုံပါပဲ။

ဆားအ​ထွက်​က​တော့ အ​မေဝအဖို့ တစ်​​နေ့ ၅ပိဿာက​နေ ရ/၈ပိဿာအထိ ချက််​,ချက်​နိုင်​သလို ထွက်​နိုင်​ပါတယ်​။ ​လော​လောဆယ်​ဆား​စျေးက တစ်​ပိဿာ ၁၀၀၀ – ၁၁၀၀ ​​လောက်​ရတာဆို​တော့ အ​မေဝ​နေ့တွက်​က ဘာပဲဖြစ်​ဖြစ်​ကိုက်​ပြီးသားပါ…။ ဆားရောင်​းထွက်​ဖို့အတွက်​လား…?၊ အ​မေဝက ကျန်​တဲ့​စျေးသည်​​တွေလို ရွာစဉ်​လှည်​့ ​ရောင်​းစရာမလိုဘူး။ ဆားပွွင်​့လှတဲ့ အ​မေဝဆားကိုမှ ကြိုက်​တာဆိုတဲ့ ကိုယ်​့ရွာထဲက ကြိုမှာထားကြတဲ့သူ​တွေကို​တောင်​ အလျင်​မှီ​အောင်​ မနည်​းလုပ်​်​​ပေး​နေရတယ​်​​လေ။ ဒီ​တော့ ​ရွာဆားစျေးကွက်​မှာ ပြိုင်​ဘက်​မရှိတဲ့ အ​မေဝရဲ့ဝါသနာပါရာဆားချက်​အလုပ်​က ကံမျက်​နှာ​သာ,ရနေလျက်​ပါပဲ။ အ​မေဝက​တော့ ရှင်​းတယ်​။ သူ့ချစ်​မြတ်​နိုးတဲ့ ဒီဆားချက်​အလုပ်​ကို ဘယ်​​လောက်​ပင်​ပန်​းပင်​ပန်​း၊ ဆား​စျေးဘယ်​​လောက်​ရ,ရ မ,ရရ မ​သေခင်​အချိန်​အထိ​​တော့ တစ်​ရက်​မပျက်​, ရှေ့ဆက်​ဆားချက်​​နေအုံးမှာပါတဲ့ခင်​ဗျား…….။

​သြော်​…ခုချိန်​ဆိို…အ​မေဝတစ်​​ယောက်​….ဆားချက်​​နေ​ရော့မယ်​ခင်​ဗျာ…….။ ။

(ဆားချက်​လုပ်​ငန်​းနဲ့ပတ်​သတ်​ပြီး အ​သေးစိပ်​ရှင်​းလင်​း​ပြောပြ၊​ရေးခွင်​့ပြု​ပေးတဲ့ ပခုက္ကူမြို့နယ်​၊ကျပ်​​ပြည်​့ရွာမှ အ​မေဝနဲ့ ကူ​ချောင်​းကို တကူတက လိိုက်​ပို့​ပေးတဲ့ သူငယ်​ချင်​း ကိုချစ်​မင်​း၊ ကိုတင်​ထွန်​း​အောင်​တို့ကို ​ကျေးဇူးအထူးတင်​ရှိလျက်​…)

သွွားပါများ ကျတ်​ပြည်​့​ရောက်​်

Cre: latestmyanmarnews.com